ကျပ်သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သည့်ပစ္စည်းနှင့် ပိုးသတ်ဆေးများ မီးရှို့ဖျက်ဆီး

ကျပ်သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သည့်ပစ္စည်းနှင့် ပိုးသတ်ဆေးများ မီးရှို့ဖျက်ဆီး
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန်းနီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ကျပ်သိန်း ၁၄ဝဝကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများနှင့် ပိုးသတ်ဆေးများကို သြဂုတ်လ ၁၇ရက်နေ့ နေ့လည် ၂နာရီ အချိန်၊ လားရှိုးရှိ အကောက်ခွန်ဌာနတွင် လမ်းကြိတ်စက်ဖြင့် ကြိတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

၄င်းမီးရှို့ဖျက်ဆီးမှုသည် ၅ကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် တရားမဝင်တဲ့ လျှပ်စစ်ပစ္စည်းတွေကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

“အခု ကျွန်တော်တို့ အဓိက မီးရှို့ဖျက်ဆီးတာကတော့ ရေပူကနေ ဖမ်းမိလာတဲ့ စားသုံးရန် မသင့်တော်တဲ့အစားအစာတွေ ဖြစ်တယ်။ ပြီးတော့ ကလေးတွေ စားဖို့မသင့်တဲ့ အစားအစာတွေ၊ အချိုရည်တွေ ဘီယာတွေလည်း ပါတယ်” ဟု ပြောသည်။

ယခု မီးရှို့ဖျက်ဆီးသည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ကျပ်သိန်း ၁၄၀၀ ကျော်( ၁၄၁၁၆၀၁၀၀) ရှိပြီး ထိုထဲတွင် စားသုံးရန်မသင့်သည့် အချိုရည်ဗူးများ၊ ကြက်အူချောင်းများ၊ ဖျော်ရန်ကုန်ကြမ်းများ၊ မာလာခေါက်ဆွဲ၊ တရုတ်ဟင်းခတ်အမွှေးကြိုင်များနှင့် ပိုးသတ်ဆေးများ ပါဝင်ကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...