WFP ၏ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးမှု ၅၀ ရာခိုင်နှုန်းလျှော့ချမည်

WFP ၏ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးမှု ၅၀ ရာခိုင်နှုန်းလျှော့ချမည်
ကမ္ဘာ့စားနပ်ရိက္ခာ ဖြန့်ဖြူးရေးအဖွဲ့ WFP မှ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းပေါင်း ၁၅ ခုတို့တွင် ထောက်ပံ့ပေးမှု များ ပြုလုပ်လျှက်ရှိနေရာ ယခုသြဂုတ်လမှ စတင်ဘာလအထိ နှစ်လတာ ကာလအတွင်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။

WFP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှစတင်ကာ ဒုက္ခသည်စခန်းများအား စားနပ်ရိက္ခာ ထောက်ပ့ံပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် ကျောက်ဖြူမြို့နယ် တို့တွင် ဒုက္ခသည်စခန်းပေါင်း ၁၅ ခုရှိကာ လူဦးရေ ၁၂၀၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

“ရိက္ခာလျှော့ချမယ်ဆိုတာကိုတော့ Plan International ကနေပြီးတော့ ပြီးခဲ့တဲ့လကနေ ပြောထားပါတယ်။ ဒီနေ့မှာ တော့ WFP က ထုတ်ပြန်ချက်ကို ကျွန်တော်တို့ရရှိပါတယ်။ အရင်ထောက်ပံ့ပေးနေတာကနေ ၅၀ ရာခိုင်နှုန်း လျှော့ချ သွားမယ်လို့ ရေးထားပါတယ်။”ဟု သဲချောင်းဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီဝင် ဦးမောင်မောင်စိန်က ပြောသည်။

ယခင်က ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးလျှင် တစ်လ ဆန်နို့ဆီဗူး ၅၄ လုံး၊ ဆီတစ်လီတာ၊ ပဲ၊ ဆားနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် အဟာရဖြစ်စေသည့် အစားအစာများကို ထောက်ပံ့ပေးလျှက် ရှိပြီး ယခုလျှော့ချလိုက်သည့် ၅၀ ရာခိုင်နှုန်းတွင် ဆန်မပါဝင်ကြောင်း သိရသည်။

“ဒီစာထဲမှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလလို့ပဲ ရေးထားပါတယ်။ နောက်လတွေမှာ ဘယ်လိုဖြစ်လာမှာ လဲတော့ မသိဘူး။ ကျွန်တော်တို့သိရတာက WFP မှာ ရိက္ခာမလုံလောက်လို့ လျှော့ချလိုက်တာလို့ပဲ သိရပါတယ်”ဟု ဦးမောင်မောင်စိန်က ပြောသည်။

ထို့ကြောင့် ရိက္ခာထောက်ပံ့မှုများအား လျှော့ချလိုက်သည့်အတွက် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ အများစုတို့မှာ အခက်အခဲများနှင့် ကြံုရနိုင်ခြေရှိနေပြီး နောက်လများတွင် အထောက်အပံ့များပုံမှန် ရရှိလာနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်စိန်က ပြောသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...