ရခိုင်တွင် ဘင်္ဂလီ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ပေးရန် တပ်မတော်သားကိုယ်စားလှယ် ပြော

ရခိုင်တွင် ဘင်္ဂလီ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ပေးရန် တပ်မတော်သားကိုယ်စားလှယ် ပြော
by -
အောင်မြတ်သူ
ဘင်္ဂလားနယ်မှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသူများကို ဘင်္ဂလီဟု သတ်မှတ်ပေးရန်၊ အကြမ်းဖက်သူများကို ဘင်္ဂလီအကြမ်းဖက်သမား၊ ၄င်းတို့ကို ကူညီနေသူများကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ကြေညာ ရန်လိုအပ်ကြောင်း ဗိုလ်မှူးကြီး စိုးရွှေက ပြောသည်။ သြဂုတ် ၁၆ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ကျင်းပပြုလုပ်သောအစည်းဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် တင်သွင်းခဲ့သော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် လှုပ်ရှားနေသာ အကြမ်းဖက်အဖွဲ့ဝင်များကိုဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြ သော တိုင်းရင်းသားများ၏ ကျေးရွာများဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးရင်း ပြောခဲ့ခြင်းဖြစ်သည်။ “အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ပ) နှင့် (ဖ)တို့အရ အကြမ်းဖက်သမား ၊ အကြမ်းဖက် အုပ်စုဟု သတ်မှတ်ရန် အကြမ်းတိုက်ဖျက်မှု ဗဟို အဖွဲ့က အဆိုပါဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ သတ်မှတ်ကြေ ညာရန် လိုအပ်ပါသည်” ဟု ဗိုလ်မှူးကြီး စိုးရွှေက အစည်းအဝေးတွင် ပြောသည်။ ထိုသို့ ကြေညာရန်လည်း နိုင်ငံတော်အစိုးရနှင့်လွှတ်တော်တို့မှ တွန်းအားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း ၄င်းကပြောသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြသာနာများသည် အနောက်နိုင်ငံများတွင် အကြမ်းဖက်အုပ်စုများကို အကြီးအကျယ်နှိမ်နင်းနေသည့် အချိန်တွင် ဂျီဟတ်၊ အိုင်အက်စ် ၊ ဘိုကိုဟာရန် စသည့် အဖွဲ့များသည် အင်အားနည်းသည့် အာရှ ဒေသများကို ကူး၍ ၄င်းတို့လူခံတွေရှိသည့် နေရာများတွင် အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည်ဟုလည်း စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က အဆိုကို ထောက်ခံရင်းဆွေးနွေးခဲ့သည်။ ထို့ကြောင့် “ဒီအကြမ်းဖက်လှုရှားမှုတွေကို ကျွန်တော်တို့ အခုချိန်ကစပြီး တော့ မဖြိုခွဲခဲ့လို့ရှိရင် ကျွန်တော်တို့မှာ အများကြီး ဒီ ရခိုင်ပြည်နယ်တင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ အနောက်ဘက် တံခါးဝလို့ ခေါ်ရမယ့် ရခိုင်ပြည်ကို ဒီရခိုင်ပြည်နယ်တင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရန်ကုန်မြို့ထိ၊ မန္တလေးမြို့ထိ မကြာမီပါ ကူးစက်လာနိုင်တယ်၊ အဲ့တော့ အဲ့ဟာကို ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဖြေရှင်းရမယ်၊ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရက ဦးဆောင်နေတဲ့ ကျွန်တော်တို့ အရပ်သား သမ္မတ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး နယ်စပ်ရေးရာဝန်ကြီး ဆိုတဲ့ ဌာနတွေဟာ ကျွန်တော်တို့ အစိုးရအောက်မှာ ရှိပါတယ်။ အဲ့တော့ကာ ဒါကို ကျွန်တော်တို့ အစိုးရရဲဲ့ ဦးဆောင်မှုနဲ့ လက်ဦးမှု ရယူပြီး ဖြေရှင်းဖို့လိုပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကလည်း “ အကြမ်းဖက် အဖွဲ့ ဘယ်သူတွေဆိုတာကို အစိုးရက ဒါလုပ်ရမှာပဲ အကြမ်းဖက် ဘယ်သူတွေ လုပ်ဆောင်နေတယ် ဆိုတာကို အစိုးရက သတ်သတ်မှတ်မှတ်ဖြစ်ဖို့လိုအပ်တယ် ဖော်ထုတ်ဖို့လိုအပ်တယ်” ဟု ပြောသည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...