H5N1 ဂယက်ကြောင့် ကြက်ဘဲစျေးများ မကြံုစဖူးကျဆင်းနေ

H5N1 ဂယက်ကြောင့် ကြက်ဘဲစျေးများ မကြံုစဖူးကျဆင်းနေ
by -
မဇ္ဈိမ
 မြန်မာနိုင်ငံတွင် H1N1နှင့် H5N1 တွေ့ရှိရပြီးနောက်ပိုင်း ဇူလိုင်လ ၂၇ ရက်မှ စတင်၍ ကြက်ဘဲစျေးများကျဆင်းသွားပြီး ယခုနှစ်မှာ မကြံုစဖူး စျေးကျခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ကြက်ဘဲစျေး၏ တွဲဘက်အတွင်းရေးမှူးဦးခင်မောင်လွင်က ပြောသည်။
 
"အခုက ငါးပုဇွန်ပေါတဲ့ရာသီဆိုတော့ ဖြေးဖြေးချင်းဆင်းလာတဲ့အချိန် ၊ တကယ်ဖြစ်သင့်တဲ့စျေးက ၃ထောင်လောက်မှာ ဖြစ်သင့်တယ်။ တစ်ထောင်လောက်ဆိုတော့ ငါတို့ ၃၀ရာခိုင်နူန်းလောက် ကျသွားတယ်လို့ပြောရမယ်။ ၃၀ ရာခိုင်နှုန်း ဆိုတာ စျေးကြီးပဲကျတာမှန်တယ်။ ဝင်တဲ့အားကလည်းတစ်ဝက်ကျသွားတယ်။ တစ်ဝက်တောင်မှ မကဘူး။ ၈ သောင်းဆိုရင် ၃သောင်းခွဲ၊ ၄သောင်းဝင်တယ်။ သူတို့ တဝက်ကျော်ကျော်လောက် ကျသွားတယ်။ တကယ်လို့သာ အရင်လိုမျိုး သွင်းလိုက်မယ်ဆိုရင် စျေးနူန်းက ဒီထက်မက ဆင်းသွားနိုင်တဲ့ သဘောရှိတယ်"ဟု ကြက်ဘဲစျေးမှ တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောသည်။
 
၂၀၀၆၊၂၀၀၇ ခုနှစ်များတွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေး ကိစ္စမျိုး မန္တလေးမြို့နှင့် ရန်ကုန်၌ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ တစ်ကြိမ်မှ မကြံုဖူးကြောင်း  ပြောခဲ့ပြီး မရမ်းကုန်းတွင် တွေ့ရှိရမှုများကြောင့် အဓိကဖြစ်ကြောင်း သိရသည်။
 
"အခုတစ်ခေါက်ကတော့ အသစ်ပြန်ဖြစ်သွားတယ်။ ဖြစ်တာက အဓိက H1N1နဲ့ ဆိုင်တယ်။ လန့်တဲ့အရှိန်နဲ့၊ မြိတ်မှာလည်း H5N1ဖြစ်တယ်။ မြိတ်မှာက ဒီလောက်ကြီးမဟုတ်ဘူး။ မရမ်းကုန်းလည်းဖြစ်ရော လူတွေက ပိုပြီးတော့ အထိတ်တလန့်ဖြစ်သွားတယ်" ဦးခင်မောင်လွင်က ပြောသည်။
 
လက်ရှိ အခြေအနေတွင် ကြက်သား တစ်ပိသာလျှင် ၂၀၀၀ မှ ၂၅၀၀ ရှိနေပြီး ယခင်က ကျပ် ၃၅၀၀ မှ ၄၀၀၀ ၀န်းကျင် ပေါက်စျေး ရှိသည်။
 
ကြက်၊ ဘဲစျေးတွင် ကျန်းမာရေးထောက်ခံချက်မပါရှိသည့် ကြက်၊ ဘဲများကို တင်သွင်းခွင့်မပြုကြောင်း စာကပ်ထားပြီး စျေးတစ်ခုလုံးကို မီးသတ်ပိုက်များဖြင့်ရေဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများကို   နေ့စဉ်လုပ်ဆောင်နေသည်ဟု ဆိုသည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...