ရခိုင်မြောက်ပိုင်း မြို့နယ်တစ်ချို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်လာ

ရခိုင်မြောက်ပိုင်း မြို့နယ်တစ်ချို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်လာ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေကြောင်း သိရပြီး ကလေးငယ် ၆၀ ကျော် ဖြစ်ပွားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် နွေနှင့်မိုး ရာသီအကူးအပြာင်းကာလတွင် ဖြစ်ပွားလေ့ရှိပြီး ခြင်ကိုက်ခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ဖြစ်ပွားလေ့ရှိပြီး အဆိုပါရောဂါမှာ ယခုနှစ်အတွင်း မြို့နယ်အများစုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 “အခုလက်ရှိမှာတော့ ကျောက်တော်နဲ့ ပေါက်တောမှာ သွေးလွန်တုတ်ကွေး အများဆုံးဖြစ်ပွားနေပါတယ်။ ကျောက်တော်မြို့နယ်မှာ ရ၆ ယောက်၊ ပေါက်တောမြို့နယ်မှာ ၆၄ ယောက် ဖြစ်ပွားနေပါတယ်။ တခြားမြို့နယ် တွေမှာတော့ အနည်းဆုံး ၁၀ ယောက်ကျော် ဖြစ်ပွားနေပါတယ်”ဟု ပြည်နယ်ကျန်းမာရေးဌာနမှ ငှက်ဖျားကြီးကြပ် ဦးထွန်းငြိမ်းကျော်က ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ပိုးလောက်လန်းပါသော သောက်သုံးရေများကို မသောက်သုံးမိရန်နှင့် ခြင်များပေါက်ပွားတတ်သော အိမ်အနီးရှိ ရေမြောင်း၊ အင်း၊ အိုင်များကို စနစ်တကျ သန့်ရှင်းပေးရန်၊ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က  (အဲဒီးစ်)ခြင်နဲ့ ပိုးလောက်လန်းတွေ ပေါက်ပွားတတ်တဲ့ အင်းအိုင်တွေ၊ အိမ်တွေမှာ အသုံးပြုနေတဲ့ အုတ်ကန်တွေကို ခြင်သတ်ဆေးတွေ၊ ပိုးလောက်လန်းသေတဲ့ ဆေးတွေကို လက်လှမ်းမှီသလောက် အင်တိုက်အားတိုက်နဲ့ လုပ်ပေးနေပါတယ်။ ကျွန်တော်တို့ ပညာပေး ဟောပြောနေတာတွေကို စနစ်တကျ လိုက်နာလို့ရှိရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်”ဟု ဦးထွန်းငြိမ်းကျော်က ပြောသည်။

ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းများ မြင့်မားနေသည့် ဂွမြို့နယ်တွင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပြုလုပ်လျှက်ရှိကြောင်းနှင့် ယခု မေလအတွင်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လာနေ ကြောင်းလည်း သိရသည်

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...