မြောက်ဦးမြို့နယ်နှင့် အာနန္ဒစန္ဒြကျောက်စာကို UNESCO မှ အသိအမှတ်ပြုရေး စတင်ဆောင်ရွက်

မြောက်ဦးမြို့နယ်နှင့် အာနန္ဒစန္ဒြကျောက်စာကို UNESCO မှ အသိအမှတ်ပြုရေး စတင်ဆောင်ရွက်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ရှိ မြောက်ဦး ယဉ်ကျေးမှုဇုန်ဖြစ်သည့် မြောက်ဦးဒေသနှင့် အာနန္ဒစန္ဒြကျောက်စာတို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်ဝင်းအဖြစ် အသိအမှတ်ပြုနိုင်ရန် ပြည်ထောင်စုအစိုးရမှ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

အဆိုပါ ကျောက်စာမှာ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ရှေးအကျဆုံးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများအား ရေးထိုးပါရှိပြီး ခေတ်ဦး  ဝေသာလီခေတ်တွင်   ရေးထိုးထားခဲ့သည့် ကျောက်စာတစ်ခုဖြစ်ကြောင်း ရခိုင်ရှေးသမိုင်းမှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။

“ အာနန္ဒစန္ဒြကျောက်စာဟာ ရခိုင်ယဉ်ကျေးမှုရဲ့ အဓိက အသည်းနှလုံးတစ်ခုပါ။ ရခိုင်ယဉ်ကျေးမှုရဲ့ အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာလည်း အစောဆုံးအမွေအနှစ်ထဲ ပါပါတယ်။ ဒီကျောက်စာကို ယူနက်စ်ကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖြစ်လာဖို့အတွက် ရုံးချုပ်ကနေ ကျွန်တော်တို့ဌာနကို မနေ့က အတည်ပြုချက် တောင်းထားလာတဲ့အတွက် တင်ပြထားပါပြီ။ အဲဒီကျောက်စာနဲ့ ပတ်သက်ပြီးတော့ မကြာခင် ကျင်းပမဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အစည်းအဝေးမှာ အစီရင်ခံသွားဖို့ရှိပါတယ်” ဟု မြောက်ဦးရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

ယင်းအပြင် မြောက်ဦးဒေသကိုလည်း ယူနက်စ်ကိုမှ တာဝန်ရှိသူများ လာရောက်ဆန်းစစ်လျက်ရှိနေရာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက်လည်း နိုင်ငံအစိုးရအနေဖြင့် အချိန်မီဆောင်ရွက်မှုများ စတင်ပြုလုပ်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနဌာနမှ သိရသည်။

မြောက်ဦးဇုန်အတွင်း တည်ရှိနေသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာ ကမ္ဘာပေါ်တွင် ထူးခြားသည့်အမွေအနှစ်များထဲတွင် ပါဝင်ပြီး နိုင်ငံအတိုင်းအတာဖြင့် ရှေးမူလက်ရာများ အများအပြား ကျန်ရှိသေးသည်များကို လေ့လာတွေ့ရှိရပြီး သက်ဆိုင်ရာ အစိုးရ၊ ဌာနနှင့် ဒေသခံများ၏ သဘောထားများအရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ယူနက်စ်ကိုမြန်မာမှ အမျိုးသားယဉ်ကျေးမှုစီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...