စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ၃ လခွဲကျော်အတွင်း အရပ်သား ၂၄၀ နီးပါး သေဆုံး

စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ၃ လခွဲကျော်အတွင်း အရပ်သား ၂၄၀ နီးပါး သေဆုံး

အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယမန်နေ့(ဧပြီလ ၂၂ ရက်)အထိ သုံးလခွဲကျော်အတွင်း အရပ်သား ၂၃၇ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးသူများသည် အမျိုးသမီး ၁၁၅ ဦးနှင့် အမျိုးသား ၁၂၂ ဦးဖြစ်ပြီး သေဆုံးမှုကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကာ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၂ ဦး ပါဝင်ကြောင်းလည်း AAPP ကပြောသည်။

“အဆိုပါ သေဆုံးသူ ၂၃၇ ဦးအနက် စစ်ကိုင်းတိုင်းမှာ ၇၀ ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၅၀ ဦးဖြင့် သေဆုံးမှု ဒုတိယ အများဆုံးဒေသ ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ပြင် အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား ၃၅၀ ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်နေကြောင်းလည်း အသိပေးထားသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းတွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်။

ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင်လည်း မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲကျေးရွာကို လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ နှစ်ဦး ဗုံးစထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ကြောင်းလည်း AAPP က ဖော်ပြထားသည်။

နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုအပြင် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ အသက် ၁၈ နှစ်အောက် ကလေး လေးဦးအပါအဝင် အရပ်သား ၃၇ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။

AAPP ၏ အချက်အလက်များအရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ ၇,၉၈၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းများ၊ ဆေးရုံများနှင့် လူမှုအသိုင်းအဝိုင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ကလေးငယ်များပါမကျန် အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ လူအများအပြားလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ညှိနှိုင်းချမှတ်ရမည်ဖြစ်ကြောင်း Justice for Myanmar ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...