ထိုင်းနယ်စပ်မှာ ကရင်နီဒုက္ခသည်တွေ စိုက်ပျိုးလုပ်ငန်း တရားဝင်စတင်ခွင့်ရ

ထိုင်းနယ်စပ်မှာ ကရင်နီဒုက္ခသည်တွေ စိုက်ပျိုးလုပ်ငန်း တရားဝင်စတင်ခွင့်ရ

ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက ထိုင်းနယ်မြေအတွင်းမှာ တရားဝင်စိုက်ပျိုးရေးလုပ်ကိုင်ဖို့ စတင်ခွင့်ရနေကြပြီ လို့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၂) ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒုက္ခသည်စခန်းအမှတ် (၂) မှာ နေထိုင်သူတွေအတွက် နေရာဒေသ သုံးခုမှာ စိုက်ပျိုးမြေနေရာ ရထားတယ်လို့ ပြောပါတယ်။

“သူတို့(ဒုက္ခသည်နေလူထုများ) လည်ပတ်နိုင်အောင်လို့ပဲ။ ကျနော်တို့ အောက်ဖက်ခြမ်းမှာတော့ သူတို့တွေစပြီးတော့ ဆင်းဖို့နေရာတွေ ရှင်းပြီးပြီ။ ကျနော်တို့ ရေကိုလည်း သွယ်ထားပြီးပြီ။ TBC နဲ့ပူးပေါင်းပြီးတော့ ရေရရှိဖို့အတွက် လှုပ်ရှားလာတာပြီးပြီ။ အခုချိန်မှာ ထိုင်းအစိုးရကနေပြီးတော့ သတ်မှတ်ထားတဲ့ ဧပြီလကုန်အထိ တောမီးမရှို့ရဘူးဆိုတဲ့ စည်းကမ်းချက်တွေရှိနေတာကြောင့် ခုတ်ထွင်ရှင်းလင်းတာပဲ ရှိသေးတယ်။ မီးရှို့တာတို့ ဘာတို့တော့ လုပ်လို့မရသေးဘူး။ ဒီလကုန်မှပဲ ကျနော်တို့ စရတော့မယ်” လို့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၂) တာဝန်ခံ စောဘီယားမီ က ပြောပါတယ်။

နှစ် ၄၀ ကြာ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်ခဲ့တဲ့ မြန်မာဒုက္ခသည်တွေက အပြင်ထွက်သွားလာခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်စားသောက်ခွင့်မရှိပဲ အလှူရှင် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကိုသာ မှီခိုနေကြရတာဖြစ်ပြီး ဒါကပထမဆုံးအကြိမ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်လုပ်နိုင်ကြတဲ့ အသက်အရွယ်ရှိတဲ့ လူတွေကတော့ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရကြပါတယ်။ ဝေးလံတဲ့အရပ်မသွားလိုတဲ့ စခန်းထဲကလူတွေကတော့ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်လာကြ‌တော့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာကို ပေးအပ်နေတဲ့ အကူအညီတွေကို ရက် ၉၀ ကြာဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပြီးနောက် ကရင်နီဒုက္ခသည်စခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း ၉ ခုလုံးက စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းမှုနဲ့ ကြုံခဲ့ပြီး ဒုက္ခသည်တွေ အလုပ်အကိုင်ရရှိဖို့၊ စားသောက်ရေးအတွက် ကိုယ်တိုင်စိုက်ပျိုးစားသောက်နိုင်ဖို့ အစီအမံတွေကို စခန်းတာဝန်ရှိသူတွေက ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...