ရန်ကုန်အများပိုင်ယာဉ်လိုင်း စီးနင်းသူများ အဆင်မပြေပါက အစိုးရထံ အကြံပြုနိုင်

ရန်ကုန်အများပိုင်ယာဉ်လိုင်း စီးနင်းသူများ အဆင်မပြေပါက အစိုးရထံ အကြံပြုနိုင်
by -
မဇ္ဈိမ
ရန်ကုန်မြို့ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ အများပိုင်ယာဉ်လိုင်းစီးနင်းသူများ အဆင်ပြေမှုမရှိပါက volunteer များနှင့် လွတ်တော်ကိုယ်စားလှယ်များမှတဆင့် အကြံပြုနိုင်သည်ဟု ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

ပြည်သူများအနေဖြင့် အများပိုင်ယာဉ်လိုင်းစနစ် စတင်စီးနင်းချိန်တွင် အခက်အခဲကြံုတွေ့မှုများကို အစိုးရအဖွဲ့သိရှိနိုင်ရန် ဖေ့စ်ဘုတ်ကတဆင့်လည်း အကြံပြုနိုင်ကြောင်း သိရသည်။

“ အစိုးရထံကို ပွင့်ပွင့်လင်းလင်းအကြံုပြုပါတောင်းဆိုပါ။ ဒါမှသာ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်နိုင်မှာပါ ။နောက်ပြီး ကားလိုင်းတွေက ဒီနေ့မှ စတင်မှာဆိုတော့ အခက်အခဲတွေတော့ရှိမှာပဲလေ။ နောက်ပိုင်းကြရင်တော့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ဦးတင့်လွင်က ပြောသည်။

ယနေ့နံနက် စတင်ပြေးဆွဲချိန်တွင် ကားမှတ်တိုင်တွင် လူများ စုပြံုနေခဲ့ပြီး အခက်အခဲတစ်ချို့ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ် စတင်ချိန်တွင် မနက် ၅ နာရီမှ ည ၉နာရီအထိ ယာဉ်လိုင်းပေါင်း ရ၀ မှ  ပြေးဆွဲသွားမည်ဖြစ်ပြီး သန်လျင်အခြေပြုယာဉ်လိုင်းများနှင့် မြို့ပြင် ဆက်စပ်ယာဉ်လိုင််းများမှ အပ ကျန်ယာဉ်လိုင်းများအားလုံးအတွက် ယာဉ်စီးခ ၂၀၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...