ပြည်သူများအနေဖြင့် အများပိုင်ယာဉ်လိုင်းစနစ် စတင်စီးနင်းချိန်တွင် အခက်အခဲကြံုတွေ့မှုများကို အစိုးရအဖွဲ့သိရှိနိုင်ရန် ဖေ့စ်ဘုတ်ကတဆင့်လည်း အကြံပြုနိုင်ကြောင်း သိရသည်။
“ အစိုးရထံကို ပွင့်ပွင့်လင်းလင်းအကြံုပြုပါတောင်းဆိုပါ။ ဒါမှသာ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်နိုင်မှာပါ ။နောက်ပြီး ကားလိုင်းတွေက ဒီနေ့မှ စတင်မှာဆိုတော့ အခက်အခဲတွေတော့ရှိမှာပဲလေ။ နောက်ပိုင်းကြရင်တော့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ဦးတင့်လွင်က ပြောသည်။
ယနေ့နံနက် စတင်ပြေးဆွဲချိန်တွင် ကားမှတ်တိုင်တွင် လူများ စုပြံုနေခဲ့ပြီး အခက်အခဲတစ်ချို့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ် စတင်ချိန်တွင် မနက် ၅ နာရီမှ ည ၉နာရီအထိ ယာဉ်လိုင်းပေါင်း ရ၀ မှ ပြေးဆွဲသွားမည်ဖြစ်ပြီး သန်လျင်အခြေပြုယာဉ်လိုင်းများနှင့် မြို့ပြင် ဆက်စပ်ယာဉ်လိုင််းများမှ အပ ကျန်ယာဉ်လိုင်းများအားလုံးအတွက် ယာဉ်စီးခ ၂၀၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။







