ပြည်ထောင်စုက ပေးဝေသည့် အခွန်ဝေစု ၂၀၁၇-၁၈တွင် တိုင်းဒေသကြီးအစိုးရက ပထမဆုံးအကြိမ် ရရှိ

ပြည်ထောင်စုက ပေးဝေသည့် အခွန်ဝေစု ၂၀၁၇-၁၈တွင် တိုင်းဒေသကြီးအစိုးရက ပထမဆုံးအကြိမ် ရရှိ
by -
မဇ္ဈိမ
 ပြည်ထောင်စုအစိုးရက ထောက်ပံ့သည့် အခွန်ဝေစုကို ယခု ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီး အစိုးရက ရရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တစီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

"ပြည်ထောင်စုကထောက်ပံတဲ့ အခွန်ဝေစုကို ၂၀၁၇-၁၈ဘက်ဂျက်မှာ ထပ်တိုးပြီးပေးတာပါ၊ ကုမ္ပဏီ မှတ်ပုံတင်တာ ကုမ္ပဏီရုံးဖွင့်တာ ရန်ကုန်မှာဖြစ်ရင်ဖြစ်မယ်။ လုပ်ငန်းတွေက ဧရာဝတ်ီတိုင်းမှာလုပ်ရင် ဧရာဝတီတိုင်းရသင့်ပါတယ်ဆိုပြီး တိုင်းဒေသကြီးတွေ ခွဲဝေပေးတာပါ၊ ကိုယ့်တိုင်းထဲမှာလာလုပ်တဲ့ ကုမ္ပဏီအခွန်ငွေတွေကိုရတာပါ။ ဒီနှစ်မှာ ပထမဆုံးရရှိတာပါ”ဟု    ဧရာဝတီတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ယခုလာမည့် ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွက် ပြည်ထောင်စုက ခွဲဝေထောက်ပံ့သည့် အခွန်ဝေစု ကျပ်သန်း ရ၃၆၃.၁၃၂ ရရှိပြီး လုပ်ငန်း ငါးခုတွင် ထပ်တိုးအသုံးပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ရက်က တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ခေတ္တစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းဌေးက ပြောကြားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...