ပြည်ထောင်စုက ပေးဝေသည့် အခွန်ဝေစု ၂၀၁၇-၁၈တွင် တိုင်းဒေသကြီးအစိုးရက ပထမဆုံးအကြိမ် ရရှိ

ပြည်ထောင်စုက ပေးဝေသည့် အခွန်ဝေစု ၂၀၁၇-၁၈တွင် တိုင်းဒေသကြီးအစိုးရက ပထမဆုံးအကြိမ် ရရှိ
by -
မဇ္ဈိမ
 ပြည်ထောင်စုအစိုးရက ထောက်ပံ့သည့် အခွန်ဝေစုကို ယခု ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီး အစိုးရက ရရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တစီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

"ပြည်ထောင်စုကထောက်ပံတဲ့ အခွန်ဝေစုကို ၂၀၁၇-၁၈ဘက်ဂျက်မှာ ထပ်တိုးပြီးပေးတာပါ၊ ကုမ္ပဏီ မှတ်ပုံတင်တာ ကုမ္ပဏီရုံးဖွင့်တာ ရန်ကုန်မှာဖြစ်ရင်ဖြစ်မယ်။ လုပ်ငန်းတွေက ဧရာဝတ်ီတိုင်းမှာလုပ်ရင် ဧရာဝတီတိုင်းရသင့်ပါတယ်ဆိုပြီး တိုင်းဒေသကြီးတွေ ခွဲဝေပေးတာပါ၊ ကိုယ့်တိုင်းထဲမှာလာလုပ်တဲ့ ကုမ္ပဏီအခွန်ငွေတွေကိုရတာပါ။ ဒီနှစ်မှာ ပထမဆုံးရရှိတာပါ”ဟု    ဧရာဝတီတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ယခုလာမည့် ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွက် ပြည်ထောင်စုက ခွဲဝေထောက်ပံ့သည့် အခွန်ဝေစု ကျပ်သန်း ရ၃၆၃.၁၃၂ ရရှိပြီး လုပ်ငန်း ငါးခုတွင် ထပ်တိုးအသုံးပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ရက်က တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ခေတ္တစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းဌေးက ပြောကြားခဲ့သည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...