ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်က စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲတွင်အနိုင်မရသည့် ပါတီ ရ၀ လုံးက ညီလာခံသို့ တက်ရောက်လိုကြောင်း ပြောဆိုခဲ့ပြီး ကိုယ်စားလှယ် ၅ ဦး တည်း ရွေးချယ်ခြင်းအပေါ် လက်မခံနိုင်သည့်အတွက် ရွေးချယ်ပွဲ ပျက်ခဲ့ရကြောင်း ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေး ကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက မဇ္စျိမကို အတည်ပြုပြောကြားသည်။
“ပါတီ ရ၀ လုံးက ရွေးရင်ရွေး ပါတီ ရ၀ ထဲက ၅ ယောက်ပဲ ရွေးတာကိုတော့ လက်မခံနိုင်ဘူးလို့ ပါတီတွေ ဘက်က ပြော တယ်၊ အားလုံးပဲ ပါတီတော်တော်များများက ပြောကြတာ " လို့ ဦးသုဝေက ပြောသည်။
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ သံရုံး များ၊ ကုလအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု အင်န်ဂျီအိုအဖွဲ့ အစည်းများအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ၂၁ရာစု ပင်လုံသို့ တက်ရောက်ပြီး အမှာစကား ပြောကြား မည်ဖြစ်ကြောင်းသိရသည်။







