၂၁ ရာစု ပင်လုံ ညီလာခံတက်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၅ဦး ရွေးချယ်ပွဲပျက်

၂၁ ရာစု ပင်လုံ ညီလာခံတက်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၅ဦး ရွေးချယ်ပွဲပျက်
by -
မဇ္ဈိမ
 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ်အစည်းဝေးသို့ တက်ရောက်ရန် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်မရရှိခဲ့သည့် ပါတီ ရ၀မှ ကိုယ်စားလှယ် ၅ဦးရွေးချယ်ပွဲကို ယနေ့ ကျင်းပခဲ့သော်လည်း အစည်းအဝေးပျက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်က စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင်အနိုင်မရသည့် ပါတီ ရ၀ လုံးက ညီလာခံသို့ တက်ရောက်လိုကြောင်း ပြောဆိုခဲ့ပြီး ကိုယ်စားလှယ် ၅ ဦး တည်း ရွေးချယ်ခြင်းအပေါ် လက်မခံနိုင်သည့်အတွက် ရွေးချယ်ပွဲ ပျက်ခဲ့ရကြောင်း ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေး ကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက မဇ္စျိမကို အတည်ပြုပြောကြားသည်။

“ပါတီ ရ၀ လုံးက ရွေးရင်ရွေး ပါတီ ရ၀ ထဲက ၅ ယောက်ပဲ ရွေးတာကိုတော့ လက်မခံနိုင်ဘူးလို့ ပါတီတွေ ဘက်က ပြော တယ်၊ အားလုံးပဲ ပါတီတော်တော်များများက ပြောကြတာ " လို့ ဦးသုဝေက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ သံရုံး များ၊ ကုလအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု အင်န်ဂျီအိုအဖွဲ့ အစည်းများအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ၂၁ရာစု ပင်လုံသို့ တက်ရောက်ပြီး အမှာစကား ပြောကြား မည်ဖြစ်ကြောင်းသိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...