လွှတ်တော်အမတ်များလည်း တည်းခိုစရိတ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရတော့မည်

လွှတ်တော်အမတ်များလည်း တည်းခိုစရိတ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရတော့မည်
by -
မဇ္ဈိမ
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ကြသော လွှတ်တော်အမတ်များနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ဩဂုတ်လ ၁ရက်နေ့ကစပြီး အခန်းငှားရမ်းခအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း လွှတ်တော်ရုံးက ယနေ့ရက်စွဲဖြင့် ပန်ကြားလွှာ ထုတ်ပြန်လိုက်သည်။

စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ကြသော လွှတ်တော်အမတ်များနှင့် ကော်မရှင်အဖွဲ့ဝင်များသည် လက်ရှိတွင် အခန်းငှားရမ်းခအဖြစ် တစ်ရက်လျှင် ၅,၀၀၀ကျပ်နှုန်း ကျသင့်ခဲ့ရာမှ ယနေ့ ဩဂုတ် ၁ရက်ကစပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းထပ်ဆောင်းကာ ၅,၂၅၀ ကျပ်နှုန်းဖြင့် ပေးချေတည်းခိုရမည်ဖြစ်သည်။

အဆိုပါနှုန်းထားသည် ဥပဒေအရဖြစ်သည့်အတွက် ကန့်ကွက်စရာမရှိကြောင်း လွှတ်တော်အမတ်များက ပြောသည်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၏ ဝန်ဆောင်မှုလုပ်ငန်းသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်မရှိကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ  (၃၂)အရ ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်းကို တည်းခိုသူများထံမှ ကောက်ခံပြီး ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည်ဖြစ်သည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဇူလိုင် ၂၆ရက်စွဲဖြင့် လွှတ်တော်ရုံးသို့ တင်ပြထားခြင်းဖြစ်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော်အမတ်ပေါင်း ၄၃၀ဦးခန့် တည်းခိုနေထိုင်လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်များက အများဆုံးတည်းခိုနေထိုင်လျက်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်များကမူ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ခြင်းမရှိဘဲ နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်သာ တည်းခိုနေထိုင်ကြသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...