ရိုက်နှက်ဆုံးမရာမှ လက်လွန်၍ ရခိုင်စစ်ဘေး ဒုက္ခသည်တစ်ဦး သေဆုံး

ရိုက်နှက်ဆုံးမရာမှ လက်လွန်၍ ရခိုင်စစ်ဘေး ဒုက္ခသည်တစ်ဦး သေဆုံး
by -
Mizzima
၂၀၁၅ ခုနှစ် ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်အနီးတွင် ဖြစ်ပွားခဲ့သော AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တိမ်းရှောင်နေသည့် စစ်ဘေး ဒုက္ခသည်တစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူးမှ ရိုက်နှက်ဆုံးမရာတွင် လက်လွန်၍ သေဆုံးမှု ဖြစ်ခဲ့သည်။

သေဆုံးသူမှာ ဦးကျော်ဇံ၊ အသက် ၅၁ နှစ်အရွယ်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်း ကျေးရွာမှ ဖြစ်ကာ ကျောက်တော်မြို့နယ်၊ ပညာဝ စစ်ဘေးရှောင်စခန်းတွင် နေထိုင်စဉ် ဇွန်လ ၂၄ ရက်နေ့က ကျေးရွာအတွင်း အရက်သောက်စားမှုကြောင့် ကျေးရွာ ရာအိမ်မှူး ဦးမောင်ကျော်ခိုင်မှ ရိုက်နှက်ဆုံးမရာမှ သတိမေ့မြော၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း ကျောက်တော်မြို့နယ် ရဲစခန်းမှ အတည်ပြုသည်။

ပညာဝ ဒုက္ခသည်စခန်းတွင် စစ်ရှောင် ၆၂ ဦးရှိကြောင်း သိရသည်။

ဦးကျော်ဇံ သေဆုံးမှုကို "အုပ်ချူပ်ရေးမှူး ပြောတာကတော့ အရက်သောက်ရင် သွေးဆိုးလို့၊ ရာအိမ်မှူးက ဆုံးမရာက လက်လွန်တယ်လို့ သိရတယ်။ အမှန်က ပြည်နယ် အစိုးရက ထောက်ပံ့ငွေ ကျပ် ၂ သိန်းစီ ပေးတာမှာ ရာအိမ်မှူးက အပြည့် မပေးတာကြောင့် ဦးကျော်ဇံက ဖော်ထုတ်ဖို့ ကြိုးစားတာကြောင့် ဆုံးမတာမှာ လက်လွန်တာလို့ သိရပါတယ်။" ဟု သေဆုံးသူ မိသားစုဝင်များ၏ ပြောကြားချက်ကို ကိုးကား၍ စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက မဇ္စျိမကို ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ကျေးရွာ ရာအိမ်မှူး ဦးကျော်ခိုင်ကို ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...