ကုလ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ရန်ကုန်သို့ ရောက်ရှိ

ကုလ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ရန်ကုန်သို့ ရောက်ရှိ
by -
မဇ္စျိမ
ဇွန် ၁၉ရက် နေ့လည်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် မစ္စ ယန်ဟီးလီ။ ဓာတ်ပုံ-MOI
ဇွန် ၁၉ရက် နေ့လည်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် မစ္စ ယန်ဟီးလီ။ ဓာတ်ပုံ-MOI
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ဇွန် ၁၉ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

၎င်း၏ ခရီးစဉ်မှာ ဇွန် ၁၉ရက်မှ ဇူလိုင် ၁ရက်အထိ မြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်ပြီး အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် တွေ့ဆုံမည်ဟု UNHCRက သတင်းထုတ်ပြန်ထားသည်။

၎င်း၏ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် အစီရင်ခံစာတစ်စောင် ပြုလုပ်မည်ဖြစ်ပြီး ၎င်းအစီရင်ခံစာကို နယူးယောက်မြို့၌ ပြုလုပ်မည့် (၇၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းမည့် တင်သွင်းမည်ဖြစ်သည်။

မစ္စယန်ဟီလီနှင့် အဖွဲ့ဝင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် UN ရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ စစ်တွေ၊မြစ်ကြီးနားနှင့် လာရှိုးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ယခုခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက်လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...