အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံပြီ

အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံပြီ
by -
မဇ္စျိမ
ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံု အကြိုပြင်ဆင်ရေးကော်မတီသည် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်(UWSA)၊ မုုိင်းလား (NDAA)တုုိ့နှင့် ဇွန်လ ၁၇ ရက် ညနေပုုိင်းတွင် မုုိင်းလားမြို့၌ တွေ့ဆုံုဆွေးနွေးခဲ့သည်။

ဒေါက်တာ တင်မျိုးဝင်းဦးဆောင်၍ ဒုုဗုုိလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်နှင့် ဦးမုုိးဇော်ဦးတို့ ပါဝင်သော ကော်မတီသည် ယနေ့ မွန်းလွဲပုုိင်း ၁ နာရီတွင် ကျိုင်းတုံုမြို့သုုိ့ ရောက်ရှိလာကာ ၃ နာရီချိန်တွင် မိုင်းလားတပ်ဖွဲ့ သုုိ့မဟုုတ် ဝ တပ်ဖွဲ့နှင့် တွေ့ဆုံုမည် ဖြစ်သော်လည်း မည်သည့်အဖွဲ့နှင့် တွေ့ဆုံုသည်ဟုုိ မသိရသေးကြောင်း ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“ကျနော်သိသလောက် သူတိုု့က နေ့လည် ၁ နာရီလောက်ရောက်တယ်။ မုုိင်းလားကုုိ ၂ နာရီခွဲလောက်မောင်းရတယ်။ ကျနော်ထင်တာတော့ ၃ နာရီလောက်ရောက်မယ်။ ရောက်တာနဲ့ သူတိုု့အနေနဲ့ အစည်းအဝေးလုုပ်မယ်လုုိ့ နားလည်တယ်။ ဘယ်အဖွဲ့နဲ့ အရင်လုုပ်တယ်ဆုုိတာတော့ မသိဘူး၊ မနက်ဖြန်တော့ နောက်တဖွဲ့ပေါ့နော်”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကော်မတီအဖွဲ့သည် ယနေ့ည မုုိင်းလားတွင် တစ်ညသာ အိပ်ပြီး ဇွန်လ ၁၈ ရက် နံနက်ပုုိင်းတွင် အဖွဲ့တစ်ဖွဲ့နှင့် ထပ်မံ တွေ့ဆုံုဆွေးနွေး၍ ရန်ကုုန်မြို့သုုိ့ ပြန်မည်ဟု သိရသည်။

ကော်မတီအဖွဲ့သည် ဆွေးနွေးပွဲတွင် မုုိင်းလားနှင့် ဝ အဖွဲ့များ လာမည့် သြဂုုတ်လတွင် ကျင်းပမည့် ၂၁ ရာစုုပင်လုံု ညီလာခံ တက်ရောက်ရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း သိရသည်။

မိုင်းလားအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် စည်းလုံုးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က နုုိင်ငံတော် အတုုိင်ပင်ခံ ဖိတ်ခေါ်သည့် ၂၁ ပင်လုံု ညီလာခံကုုိ ထောက်ခံကြိုဆုုိကြောင်းနှင့် ငြိမ်းချမ်းရေးကုုိ ဆက်လက် ထိန်းသိမး်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်က မဇ္ဈိမကုုိ ပြောဆုုိထားသည်။

တစ်ချိန်ထဲမှာပဲ မြန်မာ့တပ်မတော်ဘက်မှ လက်နက်စွန့်ရေး ပြောဆုုိနေသော ရက္ခိုင်တပ်မတော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ကုုိးကန့် တပ်(MNDAA)တိုု့လည်း တွေ့ဆုံုဆွေးနွေးရန် မျှော်လင့်နေသော်လည်း ယနေ့ ညနေပုုိင်းထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...