အမျိုးမျိုးသော ခွဲခြားမှုများက ငြိမ်းချမ်းရေးကိုထိခိုက်နေ

အမျိုးမျိုးသော ခွဲခြားမှုများက ငြိမ်းချမ်းရေးကိုထိခိုက်နေ
by -
မဇ္စျိမ
လူထုအတွင်း လူမျိုးရေးခွဲခြားမှုကို အသိပညာပေးနိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးရေး ခွဲခြားမှုများကို နားလည်ထင်ဟပ်စေခြင်း ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ကို မတ်လ ၂၁ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-စိုးသူအောင်)
လူထုအတွင်း လူမျိုးရေးခွဲခြားမှုကို အသိပညာပေးနိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးရေး ခွဲခြားမှုများကို နားလည်ထင်ဟပ်စေခြင်း ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ကို မတ်လ ၂၁ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-စိုးသူအောင်)
လူမျိုးရေးအရခွဲခြားမှုများ ပြုလုပ်သည့်အတွက် တိုင်းပြည်ငြိမ်းချမ်းရေးကို ထိခိုက်နေရကြောင်း ယနေ့ (မတ်လ ၂၀ရက်)တွင် ပြုလုပ်သော ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုကင်းစင်ရေးေနေ့ ဆွေးနွေးပွဲ၌ ဦးဆောင်ဟောပြောသူများက ဆွေးနွေးကြသည်။

"ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ နှစ်ပေါင်း၆၀ကျော်ကြာနေတဲ့ ပြည်တွင်းစစ်ဟာ အထူးသဖြင့် ဒီလူမျိုးရေးခွဲခြားဆက်ဆံမှုက လာတယ်ဆိုတာ ငြင်းလို့မရဘူး" ဟု အခြေခံဥပဒေဆိုင်ရာ ပညာရှင် ဦးမြတ်ကိုက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းမှုများ ဖြစ်ပေါ်နေသော်လည်း တိုင်းရင်းသားလူမျိုးများစွာဖြင့် ပေါင်းစုစည်းထားသော နိုင်ငံဖြစ်သောကြောင့် လူမျိုးတစ်မျိုးမျိုးဖြစ်မှုကို အခြေခံပြီး ခွဲခြားမှုများမှာ အများဆုံးဖြစ်ကြောင်း ယနေ့ပွဲ ပြုလုပ်ရသော အကြောင်းရင်းများတွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု ကင်းစင်ရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး လက်ရှိလူမျိုးရေး ခွဲခြားမှုဆိုင်ရာများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။
 
"တကယ်ပဲ အေးချမ်းတည်ငြိမ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ပြည့်ဝတဲ့ လူ့အသိုက်အဝန်းကို သွားချင်တယ်ဆိုရင် လူမျိုးရေးခွဲခြားမှုများကို လုံးဝလက်မခံဘဲနဲ့ ဖယ်ထုတ်ရမယ်လို့ ဆွေးနွေးချင်ပါတယ်" ဟု ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်သော မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးစိုင်းဆမ်ခမ်းကပြောသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...