အမှန်တကယ် လိုအပ်သည့် ရခိုင်ကျောင်းသားများအတွက် ရခိုင်သဟာယအသင်း ထောက်ပံ့

အမှန်တကယ် လိုအပ်သည့် ရခိုင်ကျောင်းသားများအတွက် ရခိုင်သဟာယအသင်း ထောက်ပံ့
by -
မဇ္စျိမ
၂၀၁၅-၂၀၁၆ခုနှစ်စာသင်နှစ်အတွက် အမှန်တကယ် လိုအပ်မှုရှိသော ကျောင်းသား (၁၉၆)ဦးကို ရွေးချယ်ကာ ရခိုင်သဟာယအသင်း (ရန်ကုန်)မှ ထောက်ပံ့ပေးခဲ့ကြောင်း ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက ပြောသည်။

ကျောင်းသားများအား ပညာသင်ဆုပေးပွဲအခမ်းအနားကို မတ် ၁၃ရက်က တာမွေရှိ ရခိုင်သဟာယအသင်းရုံးတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအရပ်ရပ်တို့တွင် ရခိုင်ပြည်နယ်သည် ဖွံဖြိုးတိုးတက်ရေး နောက်အကျဆုံးသော ပြည်နယ်များထဲမှ တစ်ခုအဖြစ်ရပ်တည်နေသည်။ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါအရာရောက်လျက် အခြေခံအကျဆုံး အခန်းကဏ္ဍမှာ ပညာရေးမြှင့်တင်ပေးရေးဟု ယုံကြည်လက်ခံသည့်အတွက်ကြောင့် ယခုလို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပညာသင်ဆုရွေးချယ်ချီးမြှင့်ပေးခြင်းဖြင့် ရခိုင်သဟာယအသင်းသည် ကျောင်းသားများကို ငွေကြေးတစ်ခုဖြင့်သာ ထောက်ပံ့ပေးနေခြင်းမဟုတ်ဘဲ အမျိုးသားရေးတာဝန် ထမ်းဆောင်လိုစိတ်ရှိသော မျိုးဆက်သစ်များ၊ မိမိတို ့ပြည်နယ်နှင့်လူမျိုးအတွက် အမှန်တကယ်တန်ဖိုးရှိသော အနာဂတ်ခေါင်းဆောင်များကို ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပညာသင်ထောက်ပံ့ဆုရ ကျောင်းသားများတစ်ဦးဖြစ်သော ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်ဇော်ထွန်းမှ ပြောကြားခဲ့သည်။

ရခိုင်သဟာရအသင်း (ရန်ကုန်)သည် ၁၉၆၁ခုနှစ်တွင် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်ပေါင်း ၂၀ကြာမြင့်ပြီးနောက် ၁၉၈၁ခုနှစ်တွင် ကျောင်းသားများကို ပညာသင်ငွေကြေးထောက်ပံ့ပေးသော အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ပညာသင်ဆုလျှောက်ထားနိုင်သော လျောက်လွှာများကို နှစ်စဉ် အောက်တိုဘာလတွင် စတင်ထုတ်ပြန်လေ့ရှိပြီး ဒီဇင်ဘာလတွင် ထောက်ပ့ံပေးမည့် ကျောင်းသားများကို နောက်ဆုံးထားရွေးချယ်လေ့ရှိကြောင်း သိရှိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...