မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အစိုးရ ကူညီပေးရန် အရေးကြီးအဆို လွှတ်တော်တွင် ဆွေးနွေးမည်

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အစိုးရ ကူညီပေးရန် အရေးကြီးအဆို လွှတ်တော်တွင် ဆွေးနွေးမည်
by -
မဇ္စျိမ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အစိုးရ ကူညီပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၂၅ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွင် ပြည်သူလူထု ပါ၀င်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောက်ယှက်သူများ၏ အန္တရာယ်ကို ကာကွယ်ပေးပြီး ထိရောက်သော ကူညီမှုများကို အမြန်ဆုံး ဆောင်ရွက််ပေးရန် ပြည်ထောင်စုအစိုးရသို ့တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ကချင်ပြည်နယ် ၀ုိင်းမော်မြို ့နယ်ပြည်သူ ့လွှတ်တော် အမတ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်၌ ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၅၇ မဲ ၊ ကန် ့ကွက်သူ ၁၀ မဲ ကြားနေ ၅ မဲ ရရှိခဲ့သည့်အတွက် လွှတ်တော်တွင် ဆွေးနွေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဘိန်းခင်းဖျက်ဆီးရေးသွားရောက်သူများကို အန္တရယ်တွေ ့စေရန် ဆူးညှောက်ခလုတ်တွေ ထောင်ခြင်း ဒေသလုပ်မိုင်းများ ထောင်ခြင်းများကြောင့် ဘိန်းခင်းဖျက်ဆီးရန်သွားသူ အချို့ ဒဏ်ရာရကာ   ဆေးရုံတက်ရောက် ကုသခံယူနေရသူများ ရှိနေကြောင်း အဆိုတင်သွင်းခဲ့သည့် ဦးလဂန်ဇယ်ဂျုံး ကပြောသည်။

“စစ်ဆင်ရေးသွားတဲ့အခါ နယ်မြေကျွမ်းကျင်တဲ့ လမ်းပြပေးမယ့်သူ ပါပေမယ့်လည်း ဌာနဆိုင်ရာတွေက လုံခြံုရေး အချိန်ဆွဲတာတွေရှိတယ်  ” ဟု ၎င်းကပြောသည်။

ဒုတိယအကြိမ်ပြည်သူ ့လွှတ်တော်အစည်းအဝေး ၁၁ ရက်မြောက်နေ ့တွင်တင်သွင်းသည့် သုံးခုမြောက် အရေးကြီးအဆိုဖြစ်သည့် ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုကို ဆွေးနွေးပြီး အစိုးရသို ့တိုက်တွန်းကြောင်း အတည်ပြု ၊ မပြုကို ဖေဖော်ဝါရီ ၂၅ ရက်နေ ့တွင် လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...