မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွင် ပြည်သူလူထု ပါ၀င်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောက်ယှက်သူများ၏ အန္တရာယ်ကို ကာကွယ်ပေးပြီး ထိရောက်သော ကူညီမှုများကို အမြန်ဆုံး ဆောင်ရွက််ပေးရန် ပြည်ထောင်စုအစိုးရသို ့တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ကချင်ပြည်နယ် ၀ုိင်းမော်မြို ့နယ်ပြည်သူ ့လွှတ်တော် အမတ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို လွှတ်တော်၌ ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၅၇ မဲ ၊ ကန် ့ကွက်သူ ၁၀ မဲ ကြားနေ ၅ မဲ ရရှိခဲ့သည့်အတွက် လွှတ်တော်တွင် ဆွေးနွေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဘိန်းခင်းဖျက်ဆီးရေးသွားရောက်သူများကို အန္တရယ်တွေ ့စေရန် ဆူးညှောက်ခလုတ်တွေ ထောင်ခြင်း ဒေသလုပ်မိုင်းများ ထောင်ခြင်းများကြောင့် ဘိန်းခင်းဖျက်ဆီးရန်သွားသူ အချို့ ဒဏ်ရာရကာ ဆေးရုံတက်ရောက် ကုသခံယူနေရသူများ ရှိနေကြောင်း အဆိုတင်သွင်းခဲ့သည့် ဦးလဂန်ဇယ်ဂျုံး ကပြောသည်။
“စစ်ဆင်ရေးသွားတဲ့အခါ နယ်မြေကျွမ်းကျင်တဲ့ လမ်းပြပေးမယ့်သူ ပါပေမယ့်လည်း ဌာနဆိုင်ရာတွေက လုံခြံုရေး အချိန်ဆွဲတာတွေရှိတယ် ” ဟု ၎င်းကပြောသည်။
ဒုတိယအကြိမ်ပြည်သူ ့လွှတ်တော်အစည်းအဝေး ၁၁ ရက်မြောက်နေ ့တွင်တင်သွင်းသည့် သုံးခုမြောက် အရေးကြီးအဆိုဖြစ်သည့် ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုကို ဆွေးနွေးပြီး အစိုးရသို ့တိုက်တွန်းကြောင်း အတည်ပြု ၊ မပြုကို ဖေဖော်ဝါရီ ၂၅ ရက်နေ ့တွင် လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။







