မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမုုိင်မြန်မာစာစင်တာတို့ သင်တန်းဖွင့်

မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမုုိင်မြန်မာစာစင်တာတို့ သင်တန်းဖွင့်
by -
မဇ္ဈိမ
မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမုုိင်တက္ကသုုိလ် အာဆီယံစင်တာ လက်အောက်ရှိ မြန်မာစာစင်တာ တို့ ပူးပေါင်း၍ ထုုိင်းဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထုုိင်းနုုိင်ငံ ဥပဒေသင်တန်း ကုုိဒီဇင်ဘာလ ၂၀ ရက်နေ့က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ ဝပ်ဆုုိင်းမွန်း မြန်မာဘုုန်းတော်ကြီးကျောင်းတွင် စတင်ဖွင့်လှစ်လုုိက်သည်။

ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုုပ်သမားများအနေဖြင့် ထုုိင်းဘာသာစကား၊ ယဉ်ကျေးမှု၊ ထုုိင်းနုုိင်ငံ၏ အခြေခံကျသော အလုုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ လူဝန်မှု ကြီးကြပ်ရေး ဥပဒေများ သိရှိနုုိင်ရန်အတွက် သင်တန်းဖွင့်ခြင်း ဖြစ်သည် ဟုု မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။

“ဘာသာစကား အခက်အခဲရှိတာပေါ့။ သူတုုိ့ကုုိ သိသင့်တဲ့ ဘာသာစကားတွေ သိသွားအောင်၊ နောက်တခုုက ဒီမှာ လာရောက်နေထုုိင်လုုပ်ကုုိင်တာဖြစ်တဲ့အတွက် ဒီနုုိင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေ လုုိက်နာရမဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ သိစေချင်လုုိ့ ရည်ရွယ်ချက်နဲ့ ချင်းမုုိင်တက္ကသိုုလ်က မြန်မာစာဌာနနဲ့ ကျနော်ဆွေးနွေးကြည့်တော့ သူတုုိ့လည်း သင်ပေး နုုိင်တယ်ပေါ့။ အဲဒါနဲ့ ဖွင့်ဖြစ်သွားတယ်”ဟုု ၎င်းက မဇ္စျိမသို့ ပြောသည်။

ချင်းမုုိင်တက္ကသုုိလ် မြန်မာစာစင်တာမှ ဆရာ၊ ဆရာမများက တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တွင် ၃ နာရီကြာ သင်ကြားမည်ဖြစ်ပြီး၊ စုစုပေါင်း ၁၀ ပတ်ကြာ အခမဲ့ လာရောက်သင်ကြားပေးမည်ဟု သိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ ဖွင့်ပွဲသုုိ့ ချင်းမုုိင်တက္ကသုုိလ် အာဆီယံစင်တာမှ ပါမောက္ခ၊ မြန်မာစာစင်တာမှ ဆရာမများနှင့် မြန်မာကောင်စစ်ဝန်တုုိ့ တက်ရောက် ဖွင့်လှစ်ပေးကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က ချင်းမုုိင်တက္ကသုုိလ်တွင် မြန်မာစာဘာသာရပ်၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာ များလေ့လာနုုိင်ရန် ၄ နှစ် သင်ကြားပြီး ဘွဲ့ပေးမည့် မြန်မာစာဌာနကုုိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...