ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုုပ်သမားများအနေဖြင့် ထုုိင်းဘာသာစကား၊ ယဉ်ကျေးမှု၊ ထုုိင်းနုုိင်ငံ၏ အခြေခံကျသော အလုုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ လူဝန်မှု ကြီးကြပ်ရေး ဥပဒေများ သိရှိနုုိင်ရန်အတွက် သင်တန်းဖွင့်ခြင်း ဖြစ်သည် ဟုု မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။
“ဘာသာစကား အခက်အခဲရှိတာပေါ့။ သူတုုိ့ကုုိ သိသင့်တဲ့ ဘာသာစကားတွေ သိသွားအောင်၊ နောက်တခုုက ဒီမှာ လာရောက်နေထုုိင်လုုပ်ကုုိင်တာဖြစ်တဲ့အတွက် ဒီနုုိင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေ လုုိက်နာရမဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ သိစေချင်လုုိ့ ရည်ရွယ်ချက်နဲ့ ချင်းမုုိင်တက္ကသိုုလ်က မြန်မာစာဌာနနဲ့ ကျနော်ဆွေးနွေးကြည့်တော့ သူတုုိ့လည်း သင်ပေး နုုိင်တယ်ပေါ့။ အဲဒါနဲ့ ဖွင့်ဖြစ်သွားတယ်”ဟုု ၎င်းက မဇ္စျိမသို့ ပြောသည်။
ချင်းမုုိင်တက္ကသုုိလ် မြန်မာစာစင်တာမှ ဆရာ၊ ဆရာမများက တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တွင် ၃ နာရီကြာ သင်ကြားမည်ဖြစ်ပြီး၊ စုစုပေါင်း ၁၀ ပတ်ကြာ အခမဲ့ လာရောက်သင်ကြားပေးမည်ဟု သိရသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ ဖွင့်ပွဲသုုိ့ ချင်းမုုိင်တက္ကသုုိလ် အာဆီယံစင်တာမှ ပါမောက္ခ၊ မြန်မာစာစင်တာမှ ဆရာမများနှင့် မြန်မာကောင်စစ်ဝန်တုုိ့ တက်ရောက် ဖွင့်လှစ်ပေးကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က ချင်းမုုိင်တက္ကသုုိလ်တွင် မြန်မာစာဘာသာရပ်၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာ များလေ့လာနုုိင်ရန် ၄ နှစ် သင်ကြားပြီး ဘွဲ့ပေးမည့် မြန်မာစာဌာနကုုိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။







