အပစ်ရပ်စာချုပ်အပေါ် အမြတ်မထုတ်ရန် RCSS သတိပေး

အပစ်ရပ်စာချုပ်အပေါ် အမြတ်မထုတ်ရန် RCSS သတိပေး
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) အပေါ် အမြတ်မထုတ်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)က အောက်တိုဘာလ ၈ ရက်က ထုုိင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားလုုိက်သည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစုုိးရတပ်မတော်ဘက်မှ အမြတ်မထုတ်ကြရန်နှင့် အပြန်အလှန် ယုံုကြည်မှု တည်ဆောက်ကြရန် တောင်းဆိုကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတင်းထောက်များကုုိ ရှင်းလင်းခဲ့သည်။ လာမည့် အောက်တုုိဘာလ ၁၅ ရက်တွင် အစိုးရနှင့် NCA လက်မှတ်ရေးထုုိးရန် ဆုံးဖြတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုုပ်ရခြင်း ဖြစ်သည်။

“အန်စီအေထဲမှာ အဓိက အချက်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့နေရာမှာ ဖက်ဒရယ် ပြည်ထောင်စု ဟာ ပြုပြင်ပြောင်းလဲမှုကို တပ်မတော်နဲ့ အစိုးရကရော မလိုက်နာမှာကို ကျနော်တို့ စိုးရိမ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုုတွေရဲ့ ဆန္ဒနဲ့ ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ ဆန္ဒရော မပါခဲ့ဘူး။ ဒါကြောင့်မလိုု့ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့နေရာမှာ ကျနော်တို့ အသစ်ပြန်ရေးမယ်လို့တော့ မဆုုိလိုချင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့နေရာမှာ အစိုးရက သဘောထားကြီးမားစွာနဲ့ ပြောင်းလဲခွင့်၊ ဥပဒေပြင်ဆင်ခွင့် ပြုဖို့ ကျွန်တော်တို့ တောင်းဆုုိလိုတယ်”ဟု RCSS ဥက္ကဋ္ဌ ဒုုဗုုိလ်ချုပ်ကြီး ယွပ်ဆစ်က မီဒီယာများကို ပြောသည်။

ထုုိ့အပြင် လာမည့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်၊ ရွေးကောက်ပွဲ အနိုင်ရရှိရန်အတွက် NCA လက်မှတ်ရေးထိုးပွဲ ကျင်းပခြင်းမျိုး မဖြစ်စေလိုကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း NCA ကို အလေးမထားဘဲ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်းနှင့် နိုင်ငံတကာ မျက်နှာရရှိရန်အတွက် လုပ်ပြသည့် ပုံစံမျိုး မဖြစ်စေလိုကြောင်း ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် RCSSက အောက်တိုဘာ ၁၅ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရဖွဲ့နှင့်အတူ NCA ကို လက်မှတ်ရေးထိုးမည်ဖြစ် သည်။ ယင်းသို့ လက်မှတ်ထိုးခြင်းသည် အနာဂတ် နိုင်ငံရေး ပြဿနာများကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို တည်ထောင်လိုကာ နုုိင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်သွားရန် ရည်ရွယ်၍ လက်မှတ်ရေးထုုိးရန် ဆုံုးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ နိုင်ငံရေး ပြဿနာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ပါဝင်၍ စည်းလုံုး ညီညွတ်စွာဖြင့် ဖြေရှင်းနိုင်မည်ဟုု ယုံုကြည်ကြောင်းနှင့် အပြန်အလှန် ရုုိးသားကြရန် လိုအပ်ကြောင်း ဒုုဗုုိလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့သည်။

အစုုိးရအနေဖြင့် သဘောထားကြီးစွာဖြင့် အခြားသော တုုိင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကုုိလည်း NCA လက်မှတ်ရေးထုုိးရန်အတွက် ဆွေးနွေးရန် RCSSက တောင်းဆိုလိုက်သည်။ တိုင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး တစ်ဖက်တွင် စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက ထောက်ခံမည် မဟုုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“အန်စီအေဆိုတဲ့ တပ်ထားတဲ့ နာမည်အတိုင်း အပစ်အခတ် ရပ်စဲရေးမျိုးဖြစ်စေလိုပါတယ်။ အခုဆိုရင် လက်မှတ်ရေးထိုးဖို့ ၈ ဖွဲ့အသင့်ဖြစ်ပြီဆုုိပေမဲ့ ကျန်တဲ့အဖွဲ့တွေကိုုလည်း ပါဝင်ပြီး လက်မှတ်ရေးထုုိး နိုင်ဖို့ အဓိက အချက်ဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးပြီးနောက် နုုိင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ နုုိင်ငံရေး ပြဿနာများ ဖြေရှင်းမှုတွင် လက်ရှိ ရှမ်းပြည်နယ်အတွင်းရှိ RCSS ၏ နယ်မြေအတွင်း အစုုိးရ စစ်တပ်မှ နယ်မြေစုုိးမုုိးရေး၊ နယ်မြေရှင်းလင်းရေးဟုု အကြောင်းပြချက်ဖြင့် ထုုိးစစ်ဆင်ဝင်ရောက်ရှာ ဖွေမှုများ ရှိသဖြင့် ၎င်းတို့ အခြေစိုက်ရာ ဒေသအားလုံးရှိ တပ်များကို တိုက်ခိုက်မှု မပြုရန် နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများအားလုံးကို ဆက်ဆံရေးရုံးမှတစ်ဆင့် ညှိနှိုင်းအဖြေရှာရန် ဆောင်းဆိုလိုက်သည်။

လက်ရှိ ဆက်ဆံရေးရုံး ၆ ခု ဖွင့်လှစ်ထားပြီးဖြစ်သည့် RCSSက ပြဿနာများ အလျင်အမြန် ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆက်ဆံရေးရုံးများကုုိ ထပ်မံဖွင့်လှစ်ရန် တောင်းဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးခဲ့ခြင်း သုံုးနှစ် ကျော်ကာလတာရှိခဲ့သော်လည်း တပ်မတော် မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး သဘောတူညီချက်များအား ချိုးဖောက်ကာ မိမိတုုိ့၏ တပ်များအား လုုိက်လံတုုိက်ခတ်ခဲ့သဖြင့် တုုိက်ပွဲအကြိမ်ပေါင်းမြောက်များ စွာ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု RCSS က ဆိုသည်။

RCSS/SSA အပါအဝင် ကရင်အမျိုးသား အစည်းအရုံုး(KNU)၊ ဒီမုုိကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနုုိင်ငံလုံုး ဆုုိင်ရာကျောင်းသားများ ဒီမုုိကရက် တစ်တပ်ဦး (ABSDF)၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခုုိင်လွတ်မြောက် ရေး ပါတီ(ALP)တုုိ့ ၈ ဖွဲ့တုုိ့ လာမည့် အောက်တုုိဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထုုိးမည် ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)သည် ၂၀၁၁ ခုုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ပြည်ထောင်စုု ငြိမ်းချမ်ေးရးဖော်ေ်ဆာင်ရေးလုုပ်ငန်းကော်မတီနှင့် လက်မှတ်ရေးထုုိးခဲ့သည့် အဖွဲ့ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...