တိုင်းရင်းသားဒေသများမှ အမျိုးသမီး သုံးဦး ပုဒ်မ ၁၇ (၁) ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်

တိုင်းရင်းသားဒေသများမှ အမျိုးသမီး သုံးဦး ပုဒ်မ ၁၇ (၁) ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်
by -
မဇ္ဈိမ
မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) ဖျက်သိမ်းရေးအတွက် တိုင်းရင်းသားဒေသများမှ အမျိုးသမီး သုံးဦးက တာမွေမြို့နယ်၊ ကျိုက္ကဆံဟစ်တိုင်ကွင်း၌ အောက်တိုဘာ ရရက်နေ့၊ နံနက် ၁၀ နာရီက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ အမျိုးသမီး သုံးဦးက နံနက် ၉နာရီ အချိန်တွင် စုစုံခဲ့သည့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရှေ့မှ ကားဖြင့်လာ၍ ကျိုက္ကဆံံဟစ်တိုင်ကွင်းသို့ရောက်ရှိ ပြီးနောက် နာရီဝက်ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

''တိုင်းရင်းသားတွေကို အဓိက ခြိမ်းခြောက်နေတဲ့ ပုဒ်မ ၁၇/၁ ဖျက်သိမ်းဖို့ တိုင်းရင်းသားတွေ ကိုယ်စားပြုပြီး တောင်းဆိုတာပါ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားများ ကိုရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။'' ဟု ဆန္ဒပြခဲ့သူတစ်ဦးဖြစ်သည့် ကချင်ပြည်နယ်မှ ဒေါ်နန်းမူခမ်းက မဇ္စျိမကို ပြောကြားသည်။

'ပြည်သူအကျိုးစီးပွားကို မဖော်ဆောင်နိုင်သော အစိုးရသည် ပြည်သူအစိုးရမဟုတ်။ ပြည်သူအကျိုး စီးပွားကို မကာကွယ် မစောင့်ရှောက်သော ဥပဒေပုဒ်မ ဟူသမျှ ဆန့်ကျင်ကြ။' 'ငြိမ်းချမ်းရေးကို လိုလားတာ တိုင်းရင်းသားတွေပါ။ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေးအကျဉ်းသား မှန်သမျှ ချက်ချင်းလွှတ်' စသည့် စာသားများ ရေးထားသော ဗီနိုင်းနှစ်ခု ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

''၁၉၀၈ ခုနှစ် အင်္ဂလိပ်အစိုးရက မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)-(၂) ဆိုပြီးပြဋ္ဌာန်းခဲ့တာ။ အစိုးရက ငြိမ်းချမ်းရေးကိုဆောင်ရွက်နေတယ်ဆိုရင် ဟိုဖက်ဒီဖက်ဆက်သွယ်နေရတဲ့အချိန် ဒီလို ဥပဒေတွေကို အသုံးမပြုသင့်တော့ဘူးလို့ ထင်တယ်။ လက်ရှိအချိန်မှာ ဒီဥပဒေနဲ့ တရားစွဲဆိုတာတွေ လုံးဝ ရပ်ဆိုင်းထားသင့်ပါတယ်။''ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်သန်းဦးက မဇ္စျိမသို့ ပြောကြားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...