"ဆန္ဒထုတ်ဖော်တာကို ကျွန်တော်သိတာက အစိုးရအဖွဲ့ကညွှန်ကြားလိုက်တာ၊ အစိုးရအဖွဲ့အစည်းတွေ၊ ရပ်ကွက်ဌာနဆိုင်ရာ၊ ရပ်ကွက်သူရပ် ကွက်သားတွေရော ပါတယ်၊ မနက်ပိုင်းကို ထွေအုပ်ရုံးတွေက ရင်စုရပ်လုပ်တာပေါ့၊ စစ်ကြောင်း သုံးကြောင်းနဲ့ ချီတက် ဆန္ဒထုတ်ဖော်တာပါ"ဟု ၎င်းကဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ထားဝယ်မြို့ပေါ်မှာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ စည်ပင်ဝန်ထမ်းများနှင့် မီးသတ် ဦးစီးဌာန၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ ဝန်ထမ်းအင်းအားနှင့် ပြည်သူ အပါအဝင် အယောက် သုံးထောင်ကျော် ပါဝင်သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအချို့တွင် တစ်အိမ်ထောင် တစ်ယောက် လိုက်ရမည်ဟု ဖိတ်စာပေးပို့ခဲ့သည်ဟုလည်း ထားဝယ်မြို့နယ်နေ ကညုံရပ်ကွက်မှ ကိုဖြိုးလွင်အောင်က မဇ္ဈိမကိုပြောသည်။
"တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေတာကို ထောက်ခံကြောင်းဆိုပြီး တစ်အိမ်ထောင်တစ်ယောက် မလိုက်မနေရဆိုပြီး အုပ်ချုပ်ရေးမှူးရုံးကနေ ဖိတ်စာပို့တယ်၊ ဖိတ်စာမှာ မနက် ၅နာရီကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စုရပ်လို ့ရေးထားတယ်" ဟု ၎င်း ကပြောသည်။
ဆန္ဒပြပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ထောက်ခံကြောင်းကို ပို့စတာများ၊ ဗွီနိုင်းများ ကိုင်ဆောင်၍ ထားဝယ် တိုင်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။







