ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုထောက်ခံကြောင်း ဆန္ဒပြပွဲ တစ်အိမ်တစ်ဦး လိုက်ရန် အုပ်ချုပ်ရေးမှူးကခေါ်ဟုဆို

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုထောက်ခံကြောင်း ဆန္ဒပြပွဲ တစ်အိမ်တစ်ဦး လိုက်ရန် အုပ်ချုပ်ရေးမှူးကခေါ်ဟုဆို
by -
မဇ္ဈိမ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက်  အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ထောက်ခံကြောင်း  အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှ ဦးစီး၍ အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းနှင့် ပြည်သူ  အင်းအား ၃၀၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၈ရက် နံနက် ၈နာရီတွင် ပြုလုပ်ခဲ့သည်ဟု ထားဝယ်မြို့နယ် ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က မဇ္ဈိမ ကိုပြောသည်။

"ဆန္ဒထုတ်ဖော်တာကို ကျွန်တော်သိတာက အစိုးရအဖွဲ့ကညွှန်ကြားလိုက်တာ၊ အစိုးရအဖွဲ့အစည်းတွေ၊ ရပ်ကွက်ဌာနဆိုင်ရာ၊ ရပ်ကွက်သူရပ် ကွက်သားတွေရော ပါတယ်၊ မနက်ပိုင်းကို ထွေအုပ်ရုံးတွေက ရင်စုရပ်လုပ်တာပေါ့၊ စစ်ကြောင်း သုံးကြောင်းနဲ့ ချီတက် ဆန္ဒထုတ်ဖော်တာပါ"ဟု ၎င်းကဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ထားဝယ်မြို့ပေါ်မှာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ စည်ပင်ဝန်ထမ်းများနှင့် မီးသတ် ဦးစီးဌာန၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ ဝန်ထမ်းအင်းအားနှင့် ပြည်သူ အပါအဝင် အယောက် သုံးထောင်ကျော် ပါဝင်သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို  ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအချို့တွင် တစ်အိမ်ထောင် တစ်ယောက်  လိုက်ရမည်ဟု ဖိတ်စာပေးပို့ခဲ့သည်ဟုလည်း ထားဝယ်မြို့နယ်နေ ကညုံရပ်ကွက်မှ ကိုဖြိုးလွင်အောင်က မဇ္ဈိမကိုပြောသည်။

"တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေတာကို ထောက်ခံကြောင်းဆိုပြီး တစ်အိမ်ထောင်တစ်ယောက် မလိုက်မနေရဆိုပြီး အုပ်ချုပ်ရေးမှူးရုံးကနေ ဖိတ်စာပို့တယ်၊ ဖိတ်စာမှာ မနက် ၅နာရီကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စုရပ်လို ့ရေးထားတယ်" ဟု ၎င်း ကပြောသည်။

ဆန္ဒပြပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ထောက်ခံကြောင်းကို  ပို့စတာများ၊ ဗွီနိုင်းများ ကိုင်ဆောင်၍ ထားဝယ် တိုင်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...