ရွေးကောက် ပွဲကာလ အတွင်းနိုင်ငံရေး ပါတီများနှင့် မီဒီယာများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် ဆွေးနွေးပွဲလုပ်

ရွေးကောက် ပွဲကာလ အတွင်းနိုင်ငံရေး ပါတီများနှင့် မီဒီယာများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် ဆွေးနွေးပွဲလုပ်
by -
မဇ္ဈိမ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း မီဒီယာများနှင့်နိုင်ငံရေး ပါတီများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးပွဲကို ဧပြီ ၁ရက်နှင့် ၂ရက်တွင် ရန်ကုန်မြို့ အလုံလမ်းရှိ Summit Park View Hotel တွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲ တွင်ရွေးကောက် ပွဲကာလ အတွင်း မီဒီယာများ သတင်း ရယူခြင်း၊ သတင်း တင်ပြခြင်းနှင့် မျှတ မှန်ကန်သော သတင်းရေးသားရာတွင် မီဒီယာများ ကြံုတွေ့ရသော စိန်ခေါ်ချက်မှုကို မီဒီယာကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေး ချက်များကို နိုင်ငံရေးပါတီများနှင့် မျက်နှာစုံညီ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် နိုင်ငံရေးပါတီငယ်များ၏ သတင်းများကို မီဒီယာများအနေဖြင့် မျှမျှတတဖော်ပြနိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် အယ်ဒီတာ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို Denish Institute For Parties and Democracy (DIPD) က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီ  အချို့နှင့် ပါတီငယ်များ စုစုပေါင်း ၂၀ကျော်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်တွင်းမီဒီယာ အဖွဲ့အချို့ တက်ရောက်ကာ ရွေးကောက်ပွဲ ကာလအတွင်း မီဒီယာများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများမှ စိုးရိမ်သည့် အချက်များနှင့် နိုင်ငံရေးပါတီများအနေဖြင့် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းများ စသည် တို့ကိုဆွေးနွေး တင်ပြခဲ့သည်။

မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ်မှ ကျင်းပသော ရွေးကာက်ပွဲကာလ မီဒီယာနှင့် နိုင်ငံရေးပါတီများ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ဧပြီ ၁ရက်က ရန်ကုန်မြို့ရှိ Summit Park View hotel တွင် ကျင်းပနေစဉ်။(ဓာတ်ပုံ-သက်ကို)

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...