လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံရမှု ၂၈ လ ပြည့်ပြီဖြစ်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပေါ် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံရမှု ၂၈ လ ပြည့်ပြီဖြစ်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပေါ် ဆန္ဒထုတ်ဖော်
by -
မဇ္ဈိမ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သူများအား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွဲခဲ့သည့်အပေါ် တရားခံ ဖော်ထုတ်ပေးရန်  မတ်လ ၂၉ရက်နေ့တွင် သိမ်ကြီးစျေးရှေ့မှ မြို့တော်ခန်းမရှေ့ထိ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းသည် ယင်းစခန်းဖြိုခွင်းခံရမှု  ၂၈ လပြည့်မြောက်သော်လည်း တရားခံမဖော်ထုတ်နိုင်သေး၍ ဒီမိုကရေစီအင်အားစုမှ လူအင်အား ၁၀ဦးကျော်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဌေးအောင်က ''အကြမ်းဖက်ခဲ့သူတွေကို တရားခံ ဖော်ထုတ်ပေးဖို့အတွက် ငြိ်မ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုတာ ဖြစ်တယ်'' ဟု ပြောသည်။

အဆိုပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်မှ ခွင့်ပြုချက် မယူသည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ဖြင့် ငြိစွန်းသည်ဟု ရဲမှူးများက ဆန္ဒထုတ်ဖော်ရာ လမ်းတွင် သတိပေးပြောကြားသည်။

ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဦးစိုးသော်က ''ဒီနိုင်ငံမှာ နေထိုင်တဲ့ သမ္မတ အပါအဝင် အောက်ခြေအဆင့်အထိ တရားဥပဒေ ရဲ့ အောက်မှာ မျှမျှတတခံစားစေချင်တယ်။ မျှတတဲ့ တရားဥပဒေ စိုးမိုးရေးပဲ လိုချင်တယ်'' ဟု ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အစိုးရ၏ အထွေထွေ အကြမ်းဖက်မှုများကို ဒီမိုကရေစီ အင်အားစုမှ မတ်လ ၂၉ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ‘‘လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရာခံများ ပြန်လည်အရေးယူပေးရေးနှင့် အစိုးရ အကြမ်းဖက်ဝါဒ အလိုမရှိ’’ ကြောင်းကို တောင်းဆိုသည်ဟု  ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဒေါ်နီလာဟန်က ဖတ်ကြားခဲ့သည်။

အဆိုပါ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သူများသည့် တောင်းဆိုချက်များကို ဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒဖော်ထုတ် ခဲ့ကြခြင်း ဖြစ်သည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...