ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းသည် ယင်းစခန်းဖြိုခွင်းခံရမှု ၂၈ လပြည့်မြောက်သော်လည်း တရားခံမဖော်ထုတ်နိုင်သေး၍ ဒီမိုကရေစီအင်အားစုမှ လူအင်အား ၁၀ဦးကျော်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။
ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဌေးအောင်က ''အကြမ်းဖက်ခဲ့သူတွေကို တရားခံ ဖော်ထုတ်ပေးဖို့အတွက် ငြိ်မ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုတာ ဖြစ်တယ်'' ဟု ပြောသည်။
အဆိုပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်မှ ခွင့်ပြုချက် မယူသည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ဖြင့် ငြိစွန်းသည်ဟု ရဲမှူးများက ဆန္ဒထုတ်ဖော်ရာ လမ်းတွင် သတိပေးပြောကြားသည်။
ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဦးစိုးသော်က ''ဒီနိုင်ငံမှာ နေထိုင်တဲ့ သမ္မတ အပါအဝင် အောက်ခြေအဆင့်အထိ တရားဥပဒေ ရဲ့ အောက်မှာ မျှမျှတတခံစားစေချင်တယ်။ မျှတတဲ့ တရားဥပဒေ စိုးမိုးရေးပဲ လိုချင်တယ်'' ဟု ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အစိုးရ၏ အထွေထွေ အကြမ်းဖက်မှုများကို ဒီမိုကရေစီ အင်အားစုမှ မတ်လ ၂၉ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ‘‘လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရာခံများ ပြန်လည်အရေးယူပေးရေးနှင့် အစိုးရ အကြမ်းဖက်ဝါဒ အလိုမရှိ’’ ကြောင်းကို တောင်းဆိုသည်ဟု ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဒေါ်နီလာဟန်က ဖတ်ကြားခဲ့သည်။
အဆိုပါ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သူများသည့် တောင်းဆိုချက်များကို ဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒဖော်ထုတ် ခဲ့ကြခြင်း ဖြစ်သည်။







