သီးနှံစျေးကွက်စနစ်နှင့် စစ်ဆေးသည့်အဖွဲ့မရှိခြင်းကြောင့် စိုက်ပျိုးရေးစနစ်မအောင်မြင်

သီးနှံစျေးကွက်စနစ်နှင့် စစ်ဆေးသည့်အဖွဲ့မရှိခြင်းကြောင့် စိုက်ပျိုးရေးစနစ်မအောင်မြင်
by -
ကန္တာရဝတီတိုင်း(မ်)
စိုက်ပျိုးသီးနှံများ စျေးကွက်စနစ်မရှိခြင်းနှင့် ဓာတုဓာတ်ပါဝင်မှု စစ်ဆေးကြပ်မတ်သည့် အဖွဲ့မရှိသေးခြင်းများကြောင့် တောင်သူ များရေရှည်တည်တံ့သည့် စိုက်ပျိုးရေးစနစ်မအောင်မြင်ခြင်းဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ် ဒေါ်စန်းစန်းဝင်းက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

“အခုက တောင်သူတွေ တစ်ချို့ စိုက်တယ်။ ထွက်တယ် ဒါပေမယ့် ၀ယ်တဲ့သူမရှိဘူး။ နိုင်ငံခြားမှာဆိုရင် သူတို့မှာ စျေးကွက်က အမြဲတမ်းရှိတယ်။ နိုင်ငံခြားကို နှစ်စဉ်နှစ်စဉ်ပို့တာရှိတယ်လေး။ သူတို့စျေးကွက်ကောင်းတဲ့ခါကြတော့ တောင်သူတွေ တော်တော်လေးအဆင်ပြေတယ်။ထွက်သမျှဟာကိုလည်း ၀ယ်တဲ့သူတွေ ရှိတယ်။ ခုကထွက်သမျှဟာကို ၀ယ်တဲ့လူတွေမရှိဘူး။” ဟု ဒေါ်စန်းစန်းဝင်းက ပြောသည်။

နိုင်ငံခြားစျေးကွက်စနစ်ရှိနိုင်ရန်အတွက်သည်အဓိက အရည်အသွေးဦးစားပေးရမည်ဖြစ်သည့်အတွက် ဓာတုဓာတ် မပါဝင်သော သြဂဲနစ်သီးနှံစိုက်ပျိုးရေးစနစ် ဖြစ်ရမည်ဖြစ်ကြောင်း ၊ ရောဂါစစ်ဆေးကြပ်မတ် ထိန်းချုပ်သည့်အဖွဲ့ရှိရမည်ဖြစ်ကြောင်း ပြောကြား သည်။

ယခုပြည်တွင်းတွင် စိုက်ပျိုးထားသည့်သီးနှံများသည် ဓာတ်မြေသြဇာ ဓာတုဓာတ်ပါဝင်မှု အများအပြားဖြင့် ငွေကြေးပေးဝယ်ထည့်ကြရ သည့်အတွက် ဓာတုဓာတ် ပါဝင်မှု များပြားမှု ရှိမရှိစစ်ဆေးသည့်စနစ်နှင့် သီးနှံများ ရောင်းချရန် စျေးကွက် မရှိသောကြောင့် တောင်သူ လယ်သမာများ စိုက်ပျိုးထားသော ဆန်စပါးနှင့် သီးနှံများသည် အရည်အသွေးနှိမ့်ကျသွားသည်ဟု ဆိုသည်။

“ အရည်းအသွေးခေါ်တဲ့ဟာတွေ စစ်ဆေးတာ အားနည်းတာပေါ့။ ပို့ကုန်တွေကြတော့ ကြာကြာမခံဘူးလေး။ အဲ့ဒါ သေချာရောဂါ  စစ်ဆေးခြင်းနဲ့ Chemical (ဓာတုဓာတ်) အများအပြား သုံးစွဲခြင်းတွေကို ထိန်းချုပ်သင့်တယ်။ အဲဒါတွေကို ထိန်းချုပ်ဖြစ်မယ်ဆိုရင် စျေးကွက်က မြင့်တတ်လာမယ်။ တောင်သူတွေအတွက် အဆင်ပြေလာနိုင်မယ်’’ ဟု ဒေါ်စန်းစန်းဝင်းက ပြောသည်။

တောင်သူလယ်သမားများစိုက်ပျိုးသည့် ဆန်းစပါးသီးနှံများ ဖွံ့ဖြိုးတိုးတတ်မှုနှင့် စျေးကွက်စနစ် ပြုပြင်လာစေရန်အတွက် ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌါနက ဆန်စပါးအသင်း ၊ ပဲသီးနှံအသင်းစသည်တို့ အသင်းအဖွဲ့ ဖွဲ့စည်းထားပြီး ဆောင် ရွက်ပေးနေသည်ဟု ဆိုသော်လည်း လက်ရှိချိန်မှာ အားနည်းနေသည်ကို တွေ့ရှိရသည်ဟု ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌါန မှ ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းက ပြောသည်။

“ ဒီအသင်းတွေလည်းပဲ ကျနော်တို့ ၀ယ်ယူရောင်းချလျက်ရှိတယ်ပေါ့။ ဆန်းစပါးအပြင် ပဲသီးနှံတွေအစုံပေါ့။ အခြားဟင်းသီးဟင်းရွက်တွေ ဘာတို့ ကျနော်တို့ အဖွဲ့ဖွဲ့ပြီးတော့ စျေးကွက်စနစ်ပြုပြင်လာအောင် ဆောင်ရွက်လျက် ရှိတယ် ဒါပေမယ့် လက်ရှိအချိန်အရ အားနည်းနေတယ်။ ကျနော်တို့ဖွဲ့ထားတဲ့အဖွဲ့စည်းတွေက ဒီထက်ပိုပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိအနေအထားနဲ့ဆိုရင် ပိုပြီး တိုးတတ်လာမှာ စျေးကွက်ပိုပြီး ပြုပြင်လာပြီး လက်ရှိက ဆန်းစပါးအပြင် ကျန်တဲ့သီးနှံတွေက ကြားပွဲစားတွေ ၀င်နေတဲ့အတွက် အားနည်းနေတာ တွေ့ရတယ်။” ဟု ဦးဌေးဝင်းက ပြောကြားသည်။

တောင်သူလယ်သမားများ စိုက်ပျိုးထားသည့် ဆန်းစပါးသီးနှံများ တောင်သူလယ်သမားများအတွက် ၀ယ်လိုအားနှင့် ရောင်းလိုအား များကို သက်ဆိုင်ရာဝန်ကြီးဌါနမှ ပြန်လည်သုံးသပ်ပြီး အဆင်ပြေရန် ဖြေရှင်းပေးမည်ဆိုပါက ပိုမိုထိရောက်မည်ဟု ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှ ဦးပိုးရယ်က ပြောသည်။

“အဓိက ကျနော်ပြောချင်တာက အစိုးရတွေက ကြည့်ပြီးတော့ စီစဉ်ပေးမှ ရတယ်လို့ ကျနော်ပြောချင်တယ်။ တစ်ခြားနိုင်ငံမှာဆို ရင်တောင် လူတွေရဲ့စီးပွားရေးကို ထိခိုက်လာမယ်ဆိုရင် အစိုးရတွေက ဖြေရှင်းပေးတယ်။ အဲဒီခါကျတော့ တိုက်ရိုက်အစိုးရနဲ ့ပဲ ဖြေရှင်းခိုင်းရင် ပိုထိရောက်မယ်လို့ ကျနော်ထင်တယ်’’ ဟု သူကပြောသည်။

တတ်လာမည့်အစိုးရသစ်လက်ထက်တွင် တောင်သူလယ်သမားများစိုက်ပျိုးရန် သီးနှံများ လုံလောက်စွာ ထုတ်လုပ်ပြီး စျေးနှုန်းများ ကိုလည်း ပုံမှန်ရောင်းချပေးရန် လိုအပ်ကြောင်း ၄င်းကဆက်ပြောသည်။

ကယားပြည်နယ်အတွင်းတွင် ဆန်းစပါးအသင်း၊ ဆီထွက်သီးနှံအသီး၊ ပဲမျိုးစုံထုတ်လုပ်သီးနှံအသင်း ၊ စက်မှုလုပ်ငန်းရှင်များ အသင်းများ ဖွဲ့စည်းထားသည်ဟု သိရသည်။

သြဂဲနစ် စိုက်ပျိုးရေးနည်းပညာများ စိုက်ပျိုးနိုင်ရေးပြီး သြဂဲနစ် ထုတ်ကုန် ပစ္စည်းစစ်မှန် ပါကြောင်း အဖွဲ့ အစည်း မှ အာမခံပေးသည့် အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေးသည် မလွယ်ကူနိုင်သေးကြောင်း ၊ ယခုအခါ နေပြည်တော်တွင် စတင်အကောင်အထည်ဖော်သည့်စျေးကွက်စနစ်သည်လည်း သာမန်ပြည်သူများအတွက် စျေးကြီးနေသည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...