အသက် ၁၂ နှစ်ကျောင်းသူ မုဒိမ်းကျင့်သည်ဟု ယူဆထားသူကို ဖမ်းဆီးရမိ

အသက် ၁၂ နှစ်ကျောင်းသူ မုဒိမ်းကျင့်သည်ဟု ယူဆထားသူကို ဖမ်းဆီးရမိ
by -
ကန္တာရဝတီတိုင်း(မ်)
သြဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအရှေ့ဖက် တောတွင် ဝါးမျှစ်ချိုးနေသော ဒုတိယတန်း ကျောင်းသူလေးအား အတင်းအဓမ္ဓ မုဒိမ်းကျင့်ခဲ့သည်ဟု ယူဆရသူ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးအား လွိုင်ကော်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ အသက် ၁၃အရွယ်ရှိ ကုန်းသာကျေးရွာ ၄ ရပ်ကွက်နေ ကျောင်းသူသည် ၎င်းမိဘ အလုပ်လုပ်ရန် ကျောက်ထုတ်စက်ရုံ အနီးရှိ တောထဲတွင် ဝါးမျှစ်သွားချိုးသွားနေစဉ် မောင်မျိုးနိုင် ဆိုသူသည် တောထဲတွင် အတင်းအဓမ္ဓပြုကျင့်ခဲ့ကြောင်း ကုန်းသာကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါသည်။

၎င်းဒေသခံက “အခုဖြစ်တဲ့နေရာက ရွာရဲ့အရှေ့ဖက် ကျောက်ထုတ်တဲ့နေရာရဲ့ မနီးမဝေးမှာ ကျောက်ထုတ်တဲ့နေရာမှာ သူ့အဖေ၊ သူ့အမေ၊ သူ့အစ်ကိုရယ် အလုပ်လုပ်တယ်။ အဲတော့ သူက ကျောက်ထုတ်တဲ့နေရာ အနားက တောထဲမှာ ဝါးမျှစ်သွားချိုးတော့ အဲကောင်က သူ့ကို တွေ့တော့ ခေါ်တယ်တဲ့။ အစကလည်း အဲကောင်က ကောင်မလေးအစ်ကိုတို့နဲ့ သိတော့ ကောင်မလေးက စကားပြန်ပြောတာပေ့ါ။ နောက်ပြီး သူ့ကို အတင်းအဓမ္ဓ ပြုလိုက်တယ်”ဟု ပြောသည်။

ထို့ကဲ့သို့ ပြုကျင့်ခြင်းအပေါ် မိဘများကို ပြန်အကြောင်းကြားခြင်း မပြုလုပ်ရန် မောင်မျိုးနိုင်ဆိုသူက သူမအား ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းနှင့် ကြောက်ရွံ့နေသည့် သူမ၏ မျက်နှာထားအပေါ် အဒေါ်ဖြစ်သူက မသင်္ကာဖြစ်၍ မေးမြန်းရာ တွင် ဖြစ်စဉ်များကို သူမက ထိုသို့ ပြောဆိုခဲ့ကြောင်း သိရသည်။

မောင်မျိုးနိုင်သည် အလုပ်အတည်တကျ မလုပ်မရှိသလို နေအိမ် အတည်တကျမရှိသူဖြစ်ပြီး
ယခုနှစ်၊ မတ်လက ဧရာဝတီတိုင်းမှ ကယားပြည်နယ်သို့ ရောက်ရှိလာကာ ကျောက်ထုတ်သောစခန်းတွင် အလုပ်လုပ်သည်ဟု သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကုန်းသာကျေးရွာ ဥက္ကဌ ဦးမိုးစက်က “အစကတော့ ကျနော်တို့ ရပ်ရွာ အနေနဲ့ ကောင်မလေး မိဘဖက် ကျေနပ်တဲ့အထိ နှစ်ဖက်ညှိနှိုင်းဖို့ ရှိတယ်။ ဒါပေမယ့် ကောင်လေး မိဘက ဧရာဝတီတိုင်းကနေ လာရမယ်ဆိုတော့ အယူခြင်းလည်း မတူ၊ ပြီးတော့ ရက်တွေ စောင့်ရ မယ်ဆိုတော့ ဘယ်လိုမှမဖြစ်နို်င်ဘူးလေ။ ဒါကြောင့် ဥပဒေလက်ထဲပဲ အပ်လိုက်တယ်။ တရားဥပဒေ အတိုင်း စီရင်အမိန့်ချမယ်”ဟု ပြောသည်။

အတင်းအဓမ္မပြုကျင့်ခံရသည်ဟု ယူဆသည့် ဒုတိယတန်း ကျောင်းသူအား ကရင်နီအမျိုးသမီးအစည်း အရုံးအဖွဲ့မှ သွေးစစ်ဆေး ရန် ခေါ်ဆောင်သွားသည်ဟု သိရသည်။

ယခုနှစ်၊ ဇူလိုင်လအတွင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်အုပ်စုကျေးရွာတွင် အသက် ၁၂ အရွယ်ကျောင်းသူလေး တစ်ဦးကို အသက် ၅၈ နှစ်အရွယ်အမျိုးသားတစ်ဦးက အတင်းအဓမ္မ ပြုကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး ၎င်းအမျိုးသားအား ဒီးမော့ဆိုမြို့ ရဲစခန်းမှ ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...