၅ တန်းကျောင်းသူကို အဓမ္မကျင့်ရန် ကြံသူကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို

၅ တန်းကျောင်းသူကို အဓမ္မကျင့်ရန် ကြံသူကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)
ကန္တာရဝတီတိုင်း(မ်)။ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု အောင်သပြေရွာတွင် အသက် ၁၂ နှစ် ၅ တန်း ကျောင်းသူတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် အသက် ၅၈နှစ် အမျိုးသားကို ဥပဒေနှင့် အညီ ထိရောက်သည့် ပြစ်ဒဏ် စီရင်ရန် လိုသည်ဟု အမျိုးသမီးအဖွဲ့အစည်းက ပြောသည်။

ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဦးစိုးမြင့်က မုန့်ဖိုးပေးမည်ဟု ဆိုကာ ကျောင်းသူကို အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းက ပြောသည်။

“အခုလို အသက်မပြည့်သေးတဲ့ မိန်ကလေးတွေအပေါ် ပြစ်မှုတွေကျူးလွန်ခံရတာကအမျိုးသမီးတွေ ဘဝကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေစိုးမိုးမှုတွေ မရှိသေးတာ နောက်တစ်ခုက အမျိုးသမီးတွေဘဝ လုံခြံုမှုမရှိတော့ဘူး၊ စိုးရိမ်စရာပေါ့၊ ဒီလိုပြစ်မှုတွေကျူးလွန်တဲ့ သူတွေကိုကော ထိထိရောက်ရောက် ဥပဒေနဲ့အညီ စီရင်ချက်တွေ ချမှတ်ပေးဖို့လိုတယ်”ဟု Women Safe Houseက မချယ်ရီမိုးက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ကျောင်းသူမှာ မိခင်မရှိဘဲ ဖခင်အုပ်ထိန်းမှုဖြင့် ညီအမ ၃ ဦး အဖွားတို့နှင့် အတူ နေထိုင်လျက်ရှိသည်။

ဖခင်နှင့် အမတို့ ဘောလခဲတွင် လမ်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်နေဆဲ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခု ဖြစ်ရပ်အတွက် ဖခင်ဖြစ်သူက ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ရ ရက်က ဦးစိုးမြင့်ကို ရဲတပ်ဖွဲ့့ ဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ မုဒိန်းမှုဖြင့်အမှုဖွင့်အရေး ယူ ဆောင်ရွက်နေသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူ ဦးစိုးမြင့်သည် ယခင်လကလည်း အဓမ္မပြုကျင့်ရန် ကြံစည် လုပ်ဆောင်ခဲ့သည်ဟု ဒီးမော့ဆိုမြို့ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ငယ်ရွယ်သည့် မိန်းကလေးများအပေါ် အဓမ္မပြုကျင့်မှုများ ၂၀၁၅ ခုနှစ်က ပြည်နယ်တွင် ဖြစ်ပွားခဲ့သလို ဖားဆောင်းမြို့နယ် မော်ချီးဒေသ ဖက်တွင်လည်း အနည်းဆုံး သက်ငယ် မုဒိန်းမှု ၂ ခုဖြစ်ပွားခဲ့ပြီး တရားခံများကို စီရင်ရာတွင် အားရကျေနပ်မှု မရှိဟု အမျိုးသမီးအဖွဲ့အစည်းများက ပြောသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...