လူငယ်များ သင်ယူလေ့လာမှုဆုံရပ်တွင် ရည်မှန်းချက်ချမှတ်ရန် အရေးကြီး

လူငယ်များ သင်ယူလေ့လာမှုဆုံရပ်တွင် ရည်မှန်းချက်ချမှတ်ရန် အရေးကြီး
by -
ကန္တာရဝတီတိုင်း(မ်)
ဂျုလိုင်လ(၄)ရက်နေ့ လွိုင်ကော်မြို့၊ နောင်ယား(က)၊ Action Aid ရုံးတွင် Youth Resource Centre (YRC) နေရာတွင် လူငယ်များအတွက် တိကျသည့် ရည်မှန်းချက်တစ်ခုချမှတ်နိုင်ရန် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ - ဖြိုးဝေအောင်)
ဂျုလိုင်လ(၄)ရက်နေ့ လွိုင်ကော်မြို့၊ နောင်ယား(က)၊ Action Aid ရုံးတွင် Youth Resource Centre (YRC) နေရာတွင် လူငယ်များအတွက် တိကျသည့် ရည်မှန်းချက်တစ်ခုချမှတ်နိုင်ရန် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ - ဖြိုးဝေအောင်)
ကရင်နီပြည်နယ်ရှိ လူငယ်များအတွက် လွတ်လပ်သော လူငယ်များ သင်ယူလေ့လာမှု ဆုံရပ်တစ်ခုအနေဖြင့် Youth Resource Centre (YRC) နေရာတွင် လူငယ်များအတွက် တိကျသည့် ရည်မှန်းချက်တစ်ခုချမှတ်နိုင်ရန် အရေးကြီးသည်ဟု ဒေသဖွံ့ဖြိုးရေးကွန်ယက် ဒါရိုက်တာ ခူးလိရယ်အန်းဂျေလို (ခ) ခူးလီးဖု ကပြောသည်။

“ဘာလို့လဲဆိုတော့ ကရင်နီ Resource Centre လုပ်တယ်ဆိုတာက တစ်ပွဲတိုးလုပ်တဲ့ လုပ်ငန်းမဟုတ်အတွက် နောက်လာမယ့် လူငယ်တွေအတွက်လည်း ရှေ့ဆက်လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တဲ့အတွက်ပါ” ဟု ခူးလိရယ်အန်းဂျေလို (ခ) ခူးလီးဖု က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

Youth Resource Centre ဟူသည် အဖွဲ့အစည်းတစ်ခုမဟုတ်ပဲ ကရင်နီပြည်နယ်ရှိ လူငယ်များ သင်ယူလေ့လာနိုင်သော ဆုံရပ်တစ်ခုနှင့် လူငယ်များ ပေါင်း စုနိုင်သော နေရာတစ်ခုဖြစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့သို့ထားရှိရခြင်းအတွက် ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ပန်းတိုင် ကို ဂျုလိုင်လ (၄)ရက်နေ့ လွိုင်ကော်မြို့၊ နောင်ယား(က) ၊Action Aid ရုံးတွင် အတည်ပြုဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

“ကျနော်တို့ ရှေ့ဆက်ပြီးတော့ အတူတကွ ပူးပေါင်းပါ၀င်နိုင်ကြဖို့၊ ဒီကရင်နီမှာရှိတဲ့ လူငယ်တွေအားလုံး သင်ယူလေ့လာနိုင်တဲ့ ဆုံရပ်တစ်ခု ဖြစ်လာဖို့ပေ့ါနော်”ဟု လက်ရှိ Youth Resource Centre ဥက္ကဌ ခူးလေးရယ်က ပြောသည်။

ဒေသတွင်း နိိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများတွင် YRC သည် လက်ရှိတွင် ပါ၀င်နိုင်ခြင်းမရှိသေးသော်လည်း ရှေ့ဆက်တွင် ဒေသတွင်းရှိ အရေးများ တဖက်တလှမ်း ပံ့ပိုးကူညီနိုင်ရန် အစီအစဉ် လည်းရှိကြောင်းသိရသည်။

YRC ကို ဇန်နဝါရီလ (၁၅)ရက် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းလုပ်ရှားမှုများမှာ လူငယ်များစွမ်းရည်မြင့်တင်ရေး၊ လူငယ့်အသံ၊ အမှိုက် ကဲ(မ်)ပေး၊ အခြေခံ ကွန်ပျူတာသင်တန်း (၂)လသင်တန်း၊ နှင့် ရှှှေ့ဆက်ပြီး ကွန်ပျူတာသင်တန်း၊ အင်တာနက်အသုံးပြုခြင်း သင်တန်းနှင့် Speaking သင်တန်း စသည်ဖြင့် လုပ်ဆောင်သွားရန်လည်း ရှိကြောင်း သိရသည်။

၄င်းဆွေးနွေးပွဲတွင် ပြည်နယ်တွင်းရှိ လူငယ်အသင်းအဖွဲ့များ၊ စိတ်ပါ၀င်စားသူ လူငယ်များကလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...