ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ တစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ

ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ တစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီးများထဲမှ လေးဦး ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ပြီး ကျန်ရှိသည့် ဝန်ကြီးများအနက် တစ်ဦးသည်လည်း ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည်မဟုတ်ကြောင်း အနားယူသွားမည်ဟု သိရသည်။

̏ ကျတော်တို့ ဝန်ကြီးကနေ နုတ်ထွက်တယ်ဆိုတာ အဟုတ်ပါ၊ အမှန်ပါ၊ တကယ်ပါ၊ ဘာလို့လဲဆိုတော့ ထွက်ချင်လို့ပါ။ ပြီတော့ ကြံ့ခိုင်ရေးပါတီတွေရဲ့ အောင်နိုင်ရေးတွေ တို့မလုပ်နိုင်မှာစိုးလို့ နုတ်ထွက်လိုက်တာပါ ̋ ဟု ကယားပြည်နယ် ပြည်နယ် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးဦးချစ်လှက ပြောသည်။

ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ ဝန်ကြီးတစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ
ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ ဝန်ကြီးတစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ ဝန်ကြီးလေးဦးဖြစ်ကြသော ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ဇူလိုင်လ ၅ ရက်နေ့တွင် နုတ်ထွက် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်မှာ ဝန်ကြီးအဖွဲ့မှ အနားယူလိုသည့်အတွက် ပါတီမှ နုတ်မထွက်သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိတော့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ̏ ဦးအနေနဲ့ကတော့ အသက်ကြီးတာက တပိုင်း၊ နောက်ပြီးတော့လည်း လုပ်ရည်ကိုင်ရည်ကလည်း နားသင့်တဲ့အချိန်ရောက်ပြီလေး ̋ ဟု ပြောသည်။

တခြားပါတီသို့ ပြောင်းရန် ပါတီမှနုတ်ထွက်လိုက်ခြင်း မဟုတ်ကြောင်း နိုင်ငံရေးပါတီ လောကမှ အပြီးအပိုင် နားလိုက်ခြင်းဖြစ်ဖြစ်ကြောင်း သို့သော် ဒေသမှလူထုများက ဆက်လက်လုပ်ပေးပါရန် တောင်းဆိုလာလျှင် ပြန်လည်၍စဉ်းစားပေးမည် ဖြစ်ကြောင်း ဝန်ကြီးဦးချစ်လှက ပြောပါသည်။

ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ တက်လာမည့် လူငယ်များကို ဦးစားပေးသည့် အနေဖြင့်သော်လည်းကောင်း၊ အသက်အရွယ်အပိုင်း တွင်လည်း နားသင့်သည့် အချိန်အခါကြောင့်သော်လည်းကောင်း နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။

၎င်းဝန်ကြီးများသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သော ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...