ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူထုပါဝင်ရန် အလှမ်းဝေး

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူထုပါဝင်ရန် အလှမ်းဝေး
by -
ကန္တာရဝတီတိုင်း(မ်)
၂၀၁၂ ခုနှစ်မတ်လရရက်နေ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရန် လွိင်ကော်မြို့သို့ရောက်ရှိလာသည့် KNPP အဖွဲ့ခေါင်းဆောင်များအား လူထုများနှင့် အစိုးရအဖွဲ့များက ကြိုဆိုခဲ့ကြစဉ် (ဓါတ်ပုံ - ကယားထဲ)
၂၀၁၂ ခုနှစ်မတ်လရရက်နေ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရန် လွိင်ကော်မြို့သို့ရောက်ရှိလာသည့် KNPP အဖွဲ့ခေါင်းဆောင်များအား လူထုများနှင့် အစိုးရအဖွဲ့များက ကြိုဆိုခဲ့ကြစဉ် (ဓါတ်ပုံ - ကယားထဲ)
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပြည်သူလူထု ပါဝင်နိုင်ရန် တဖြည်းဖြည်း အလှမ်းဝေးလာသည်ဟု ကယား (ကရင်နီ) ပြည်နယ် အရပ်ဖက် အဖွဲ့အစည်းများက သုံးသပ်ထားကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာ စောင့်ကြည့်ရေး ကွန်ယက် (KSPMN) မှ ဦးပလုရယ်က ပြောသည်။

“အခုလက်ရှိ နှစ်ဖက်အကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ကွာဟမှုတွေ တဖြည်းဖြည်းနဲ့ တွေ့ရတယ်။ သာမန် ပြည်သူလူထု တစ်ယောက်အနေနဲ့ ဘယ်လိုမှ လိုက်မမီတဲ့ အနေအထား ဖြစ်နေတယ်။ ကွာဟနေလို့ မဖြစ်ဘူး” ဟု ၄င်းကပြောသည်။

၄င်းအပြင် အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ သဘောတူထားသည့် ပူးတွဲလေ့လာ စောင့်ကြည့်ရေး အဖွဲ့သည် ပြည်သူလူထုက တင်ပြလာသည့် အချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အတွက် ပြည်သူလူထု ပါဝင်နိုင်မည့် အခန်းကဏ္ဍသည် နှောင့်နှေးလျက် ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “အစိုးရနဲ့ အဖွဲ့အစည်းတွေ ဘယ်လိုသွားမလဲ ဆိုတဲ့အပေါ်မှာ ညှိနှိုင်းဖို့ အများကြီး လိုသေးတယ်။ အစိုးရနဲ့ လူထု၊ အဖွဲ့အစည်းနဲ့ လူထု ပွင့်လင်းမြင်သာမှု လိုတယ်” ဟု မော်ချီးဒေသ ဖွံ့ဖြိုးရေး ကွန်ယက်မှ ကိုနေဘယ်ထူး က ထောက်ပြ ပြောဆိုသည်။

လက်ရှိတွင် အစိုးရနှင့် လက်နက်ကိုင်များ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အရေးကြီး နေသော ကြောင့် လူထုပါဝင်မှု အပိုင်းတွင် အားနည်းနေရခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးမူဘောင် ရေးဆွဲခြင်းများ ပြုလုပ်ရာတွင် လူထု ပါဝင်လာဖွယ်ရှိကြောင်း ကယားပြည်နယ် Law Home တာဝန်ခံ ကိုကျော်ဝဏ္ဏအောင် က သုံးသပ်သည်။

“လောလောဆယ် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ကပဲ ငြိမ်းချမ်းရေး လုပ်နေတာပေါ့။ အပစ်အခတ် ရပ်စဲရေး လုပ်နေ တာပေါ့။ ငြိမ်းချမ်းရေး အတွက်ဆို နောက်တစ်ဆင့်မှာက သူတို့ နိုင်ငံရေးစကား မူဘောင်ပြောတဲ့ အချိန်မှ ပြည်သူတွေကို ပါဝင်ခွင့်ပေးမယ် ထင်ပါတယ်” ဟု ၄င်းကဆိုသည်။

သို့သော် မကြာမီ ပြန်လည် ကျင်းပဖွယ်ရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ် ရာတွင် ဆွေးနွေးမှုများကို လူထုအား ချပြရန် လိုအပ်သည်ဟု လူထုအခြေပြု အသင်းအဖွဲ့များက ပြောဆိုမှုများ ရှိနေသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...