လက်နက်ကိုင်အားလုံးပါဝင်မှ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည်ဟု KNPP ပြော

လက်နက်ကိုင်အားလုံးပါဝင်မှ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည်ဟု KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မှသာ လက်မှတ်ရေးထိုးသွားမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူဦးရယ် ပြောသည်။

“တစ်ဖွဲ့နှစ်ဖွဲ့ ချန်ထားတယ်ဆိုရင် လက်နက်ပဋိပက္ခက ဆက်ရှိနေအုံးမှာပဲလေ။ ကျနော်တို့ လက်မှတ်ထိုးတာ ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး”ဟု ခူးဦးရယ်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တွေ့ဆုံဆွေးနွေးပြီးသားဖြစ်သော အဖွဲ့ ၁၆ ဖွဲ့နှင့်သာ ဦးစွာ လက်မှတ်ရေးထိုးမည်ဟု အစိုးရဘက်မှ ပြောဆိုထားသည်။

ဇွန်လ ၂ ရက်နေ့မှစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေရှိ လော်ခီးလာဒေသတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအဖွဲ့ ထိပ်သီး ညီလာခံသည်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်မည့် သဘောတူညီချက်များကို ဆွေးနွေးလျက်ရှိသည်ဟု လွိုင်ကော်မြို့ KNPP ဆက်ဆံရေးတာဝန်ခံ ခူညေးရယ်ကပြောသည်။

“ပြီးခဲ့တဲ့ သဘောတူညီချက်တွေ ချပြမယ်။ တချို့ကဖြည့်စွက်မယ်၊ လိုအပ်တာ ဆွေးနွေးကြမယ်”ဟု ခူညေးရယ်က ပြောသည်။

ထိုညီလာခံသို့ ကယန်းပြည်သစ်ပါတီမှလည်း တနိုင်ငံလုံး အတိုင်းအတာဆောင်သည်ဆိုရာမှာလည်း အစိုးရဖက်က ကန့်သတ်သည့် (၁၆) ဖွဲ့သာ ပါရမည်စသဖြင့် ကန့်သတ်ထားသည့်အပေါ်တွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စဉ်းစားဆုံးဖြတ်သင့်ကြောင်း သဝဏ်လွှာပေးပို့ထားသည်ဟု ဆိုသည်။

“ဒီကိစ္စဟာတစ်နိုင်ငံလုံးရဲ့ ကံကြမ္မာဟာလုပ်ပြီးခဲ့တဲ့ လုပ်ရပ်တွေထဲမှာ ဒါနဲ့ပတ်သက်နေတယ်လို့ ယူဆတဲ့အတွက် ဒီဆုံးဖြတ်ချက်ချတဲ့အခါမှာ စဉ်းစားသင့်တဲ့ကိစ္စတွေကို ကျနော်တို့က တင်ပြရခြင်းဖြစ်ပါတယ်”ဟု ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလွင်က ပြောသည်။

KNPP သည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌ အချက် ရ ချက် သဘောတူညီချက် ရရှိထားသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...