စစ်ဘေးဒဏ်ခံ ရွာရှောင်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ကျောင်းများဖွင့်နေရ

စစ်ဘေးဒဏ်ခံ ရွာရှောင်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ကျောင်းများဖွင့်နေရ
by -
ကန္တာရဝတီတိုင်း(မ်)
KT
KT
ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသဘက်ရှိ် ယခင်စစ်ဘေးဒဏ် ကြံုတွေ့ခဲ့ရသော ရွာပုုန်း၊ ရွာရှောင်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင်ကျောင်းများ ဆောက်လုပ်ကာ ကျောင်းများကို ဖွင့်လှစ်ထားရသည်ဟု သိရသည်။

ထိုရွာများတွင် ကျောင်းကို ထရံဖြင့်သာ ကာထားပြီး မိုးဒဏ်လေဒဏ် ခံနိုင်သည့်အနေအထားမရှိဘဲ ရေရှည်အတွက် အခက်အခဲရှိကြောင်း သောသီခို လူမှုအထောက်အကူပြုအဖွဲ့မှ စောဂျော်နီမင်းကပြောသည်။

“ကျောင်းမှာဆိုလည်း ပြိုခါနီးနေပြီ၊ တရွာတည်းလည်း မဟုတ်ဘူး။ စစ်ဒဏ်မိတဲ့ရွာတွေက တော်တော်များများ ပညာရေးမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်” ဟု စောဂျော်နီမင်းက ပြောသည်။

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းဖွင့်လှစ်ထားသည့် ရေပူကျေးရွာဒေသတွင် ကျောင်းသားဦးရေ ၄၀ဦးရှိပြီး သင်ကြားရေးတွင် ဆရာ၊ ဆရာမ မလုံလောက်သည့်အတွက် အခက်အခဲရှိနေသည်ဟု ရေပူကျေးရွာမှ စောဒီးဒီစိမ်က ပြောသည်။

၎င်းက “ဒီနှစ်(တွေ)ကြားမှာ ကျနော်တို့ မိဘတွေနဲ့ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) ရဲ့ အဖွဲ့အစည်းတွေ အကူအညီ အထောက်အပံ့နဲ့ပဲ ဆရာ/မ လစာကို ပေးတယ်ပေါ့” ဟု ပြောသည်။

ရေပူကျေးရွာသည် ၂၀၀၈ ခုနှစ်တွင် မော်ချီးဒေသခံရွာသားများက ပြန်လည်စုစည်းပြီး ရေပူကျေးရွာကို တည်ကာ ပြန်လည်နေထိုင်ကြပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကျောင်းတည်ဆောက်ခဲ့သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင် ဖားဆောင်မြို့နယ် ပညာရေးရုံးသို့ ကျောင်းပုံစံဓာတ်ပုံနှင့်တကွ ကျောင်းဆောက်လုပ်နိုင်ရန် အထောက်အပံ့များ တင်ပြတောင်းခံထားပြီး ၂၀၁၄ ခုနှစ်တွင်ကျမည်ဟု ကြားသိထားခဲ့ရသော်လည်း ယခုချိန်ထိ ကျောင်းဆောက်လုပ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲရေးကာလတွင် အဓိကအားဖြင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းဆောက်ပေးရန်၊ ကျောင်းမှလိုအပ်သည့် ဝန်ထမ်းများကိုအစိုးရမှ ခန့်အပ်ပေးထားရန် စစ်ဘေးဒဏ်သင့်ခဲ့သော ကျေးရွာဒေသခံများက အလိုရှိကြသည်ဟု မော်ချီးစုစည်း ရွာမှ စောဖိုးလှမြင့်က ပြောသည်။

စောဖိုးလှမြင့်က “ငြိမ်းချမ်းရေးလည်း တိတိကျကျ မသိနိုင်သေးတော့ ကျောင်းတွေ လမ်းတွေ မရှိသေးဘူး။ တကယ်ငြိမ်းချမ်းပြီဆိုမှ လူထုကလည်းလက်ခံနိုင်မယ် ဆိုတဲ့သဘောလည်း ရှိတယ်” ဟု ပြောသည်။

ဖားဆောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၆၀ ရှိသည့်အနက် ၁၀ ရွာမျှသာ ကျောင်းရှိသည့်အတွက် တရွာနှင့်တရွာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာ ကျေးရွာ တော်တော်များများတွင် ကိုယ်ထူကိုယ်ထကျောင်းကို ဆောက်လုပ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

တချို့ကျေးရွာအမည်များသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် စာရင်းပင် မပေါက်သေးသည့်အတွက် သက်ဆိုင်ရာဌာနများကို လည်း လျှောက်ထားနေကြရသည်ဟု သိရသည်။

ရှားတောမြို့နယ် အတွင်းတွင်လည်း ရွာဟောင်းသို့ ပြန်လည်နေထိုင်လာကြသည့် ပြည်တွင်း ရွေ့ပြောင်းဒုက္ခသည်များလည်း ရှိနေသည့်အတွက် ၎င်းကျေးရွာများတွင် ကျောင်းအဆောက်အဦးများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...