လက်နက်ကိုင်အင်အားပြ စည်းရုံးရေး မဟုတ်ဟု KNPP ပြော

လက်နက်ကိုင်အင်အားပြ စည်းရုံးရေး မဟုတ်ဟု KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)
စစ်ကြောင်းထွက်သော ကေအဲန်ပီပီ တပ်သားအချို့အား မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
စစ်ကြောင်းထွက်သော ကေအဲန်ပီပီ တပ်သားအချို့အား မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို လူထုများထံချပြသွားရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့၏ နယ်လှည့်ခရီးစဉ်ကို လက်နက်အင်အားပြ ကွင်းဆင်းစည်းရုံးသည်ဆိုကာ နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက် စာမျက်နှာပေါ်တွင် ရေးသားနေခြင်းကို KNPP အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ကန့်ကွက်ကြောင်း မေလ ၁၃ရက်နေ့က လွိုင်ကော်မြို့ KNPP ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲပြောဆိုလိုက်သည်။

“တချို့သတင်းစာတွေမှာ အင်တာနက်စာမျက်နှာတွေမှာ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီး ရေးသားချက်တွေက အများကြီးကွဲလွဲတယ်” ဟု သူက ပြောသည်။

သတ်မှတ်ထားသော နယ်မြေပြင်ပမှ သွားလာခြင်း၊ သံလွင်မြစ်အနောက်ဖက်ကူးပြီး ရောက်ရှိအခြေပြုနေထိုုင်ခြင်းစသည့် အစိုးရမီဒီယာများ စွပ်စွဲချက်များသည် မဟုတ်မမှန်ဘဲ ကွဲလွဲနေသည်ဟု ဦးရွှေမျိုးသန့်က ဆိုသည်။

ထို့အပြင် ၂ ဖက်အကြား နယ်မြေသတ်မှတ်ထားခြင်း မရှိသေးသလို တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ပေါ်ပေါက်လာမည့် စည်းမျဉ်းစည်းကမ်းများအပေါ်မူတည်၍ ၂ ဖက် အကျေအလည် ဆွေးနွေးခြင်းများ ပြုလုပ်ပြီးမှသာလျှင် နယ်မြေများ သတ်မှတ်နိုင်မည်ဖြစ်သည်ဟု သူက ပြောသည်။

ကရင်နီတပ်မတော်စေလွှတ်ခြင်းသည် အပစ်အခတ်ရပ်စဲရေးအတွက် တည်ငြိမ်အေးချမ်းမှု အနှောင့်အယှက် အဟန့်အတားဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်ပြီး အနှောက်အယှက် အဟန့်အတားဖြစ်ရန် ကရင်နီရဲဘော်များကို စေလွှတ်ခြင်းစသည့် ရေးသားခြင်းများ အပေါ်တွင် မသက်ဆိုင်ကြောင်းလည်း ဆိုသည်။

အပစ်အခတ်ရပ်စဲရေးကာလတွင် ၂ ဖက် တင်းမာနေရမည့်အချိန်မဟုတ်ကြောင်း ၁ ဖက်က လျော့ပေးရန် လိုအပ်ကြောင်း ပြည်နယ် ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မွန်းလွဲပိုင်းတွင် ပြုလုပ်သော ထိုသတင်းစာ ရှင်းလင်းပွဲတွင် KNPP ခေါင်းဆောင်များ၊ ဒေသတွင်းငြိမ်းချမ်းရေးစောင့်ကြည့် လေ့လာ သူများနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...