လေယာဉ်ဗုံးကြဲသည့် သတင်းကြောင့် ဒေသခံများစိုးရိမ်နေ

လေယာဉ်ဗုံးကြဲသည့် သတင်းကြောင့် ဒေသခံများစိုးရိမ်နေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ) ပြည်နယ် ဖရှုဆိုမြို့နယ် ဖိုးကရားခူ၊ ဘီဆိုနှင့် လျားဒူ ကျေးရွာများအနီးတွင် လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲသွားသည့် သတင်းထွက်ပေါ်နေခြင်းအတွက် ဒေသခံများ စိုးရိမ်ပူပန်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေဖြစ်သည့် သစ်ခုတ်သမားတစ်ဦးက “ကျနော်က အောက်မှာသစ်ကြည့်နေတာ အပေါ်မှာ ပေါက်ကွဲတဲ့အသံအကျယ်ကြီး ကြားရပြီး လေယာဉ် ၂ စီး နီးနီးလေးပဲပျံသွားတာ တွေ့တယ်၊ အသံကြားတဲ့နေရာမှာလည်း မီးခိုးတွေအများကြီး ထွက်လာတယ်၊ ကျနော်လည်းကြောက်တာနဲ့ သွားမကြည့်ရဲပဲ ပြန်ပြေးလာတာ ”ဟု ပြောသည်။

ဧပြီ ၂၉ ရက် နံနက်ပိုင်းက လေယာဉ် ၂ စီးဖြင့် ဗုံးကြဲသွားကြောင်း၊ ပြင်းထန်စွာပေါက်ကွဲသည့်အသံကို ကြားခဲ့ရပြီး များစွာစိုးရိမ်သွားသည်ဟု ဘီဆိုရွာသားတစ်ဦးက ပြောသည်။

“အိမ်တောင်လှုပ်သွားတယ်။ ကျနော်လည်း အရမ်းလန့်သွားတာ လေယဉ်နဲ့ ဗုံးကြဲတာပဲ ဖြစ်နိုင်တယ်။ အသံကြားတာနဲ့ လေယာဉ် ၂ စီး သွားလိုက်တယ် အနောက်တစီးက မီးခိုးအဖြူတန်းတွေပါတယ်။ သူသွားတဲ့နောက်မှာ ခုကလေးတွေကော အကုန်လုံးကို အိမ်ထဲမှာပဲ နေခိုင်းထားရတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ထိုဗုံးကြဲမှုဖြစ်ပွားခဲ့သည်ဟု ယူဆရသော ဒေသများမှာ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) ထိန်းချုပ်ဒေသ ကေးလျားမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရက လေယာဉ် ဗုံးကြဲခြင်း မဟုတ်ဟု ပြောဆိုကြောင်း လွိုင်ကော် KNPP ဒု ဆက်ဆံရေးရုံး တာဝန်ခံ ဦးအယ်လိယာက  ပြောသည်။

“ကျနော်ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကိုမေးကြည့်ပါတယ်၊ သူတို့ကတော့ လေယာဉ်ဗုံးကြဲတာ မဟုတ်ဘူးလို့ပြောပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

မေလ ၂ ရက်က ဒေသခံများ၊ KNPP အဖွဲ့ဝင်များ၊ သတင်းထောက်များ၊ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်များ ဗုံးပေါက်ကွဲသည်ဟု ယူဆရသောနေရာများကို သွားရောက်လေ့လာခဲ့သော်လည်း တစုံတရာ တွေ့ရှိရခြင်းမရှိခဲ့ပေ။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...