BGF နှင့် ခွဲထွက်DKBA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွား

BGF နှင့် ခွဲထွက်DKBA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွား
by -
ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲသဝေါဒေသတွင် ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် မကြာသေးမီကပြန်လည်ဖွဲ့စည်းထား သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားလျှက်ရှိပြီး  ယနေ့ စက်တင်ဘာလ ၃ရက်နေ့တွင် တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တပ်များ၏ အတည်ပြုချက်အရသိရသည်။

စက်တင်ဘာလ နံနက် ၄း၄၀နာရီနယ်ခြားစောင့်တပ်-ခစတ (၁၀၁၁)အခြေပြု ရင်းပိုင်းစခန်း၊ ၆နာရီအချိန် ခစတ(၁၀၁၂) အခြေပြု မဲသဝေါ မဲ့ပေါ်တံတားစခန်း၊နံနက် ရး၃၀နာရီတွင် ခစတ(၁၀၁၁)အခြေပြု ဘီခို့လေး(ခ)စောငွေရွာစခန်း၊နေ့လည် ၁၂း၄၅နာရီတွင် အမှတ်(၃)တပ်နယ်အခြေပြု မဲဆိပ်စခန်းတို့တွင်လည်းကောင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်ပြီး BGF မှအရာရှိတစ်ဦးက “သူတို့စပစ်တာပဲ။ခုလည်းကောင်းမှုကိုလူတွေ ထပ်ရောက်နေတယ်။မနေ့ကနဲ့ဆိုလာပစ်တာ၅ကြိမ်ရှိပြီ။အခုလောလောဆယ်တော့ငြိမ်နေတယ်”ဟုပြောသည်။

၎င်းအပြင် ယမန်နေ့ စက်တင်ဘာလ ၂ရက်နေ့၊ညနေ ၆နာရီခွဲအချိန်တွင်လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်နှင့် ရင်းပိုင်းအကြား BGF (၁၀၁၂) အခြေပြု မယ်လာရော့စခန်းတွင် DKBA (၉၀၆)တပ်ရင်းမှ ဗိုလ်ကြီးခယ်ညိုဦးစီးအဖွဲ့နှင့် BGF(၁၀၁၂)တပ်ရင်းမှ ဗိုလ်သိန်းအောင်ဦးစီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများတွင် BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ထူးမြဦးစီးအဖွဲ့နှင့် DKBA (၉၀၆)တပ်ရင်းမှ ဗိုလ်ကြီးအယ်ဖော့ဦးစီးအဖွဲ့၊ BGF (၁၀၁၂)တပ်ရင်း၊တပ်မ(၄၄)လက်အောက်ခံပူးပေါင်းတပ်ဖွဲ့နှင့် DKBA (၉၀၄)တပ်ရင်းမှ ဗိုလ်မှူးတင်ဝင်းဦးစီးအဖွဲ့တို့ကBGF (၁၀၁၈)တပ်ရင်းမှ ဗိုလ်ကြီးစိန်ပန်းဦးစီးအဖွဲ့နှင့် DKBA (၉၀၆)တပ်ရင်းမှ ဗိုလ်ကြီးစိန်ပန်းဦးစီးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBAက ယနေ့စက်တင်ဘာလ ၃ရက်နေ့စွဲဖြင့်သတင်းထုတ်ပြန််ထားသည်။

ကရင်ပြည်နယ်တွင် ယခုရက်သတ္တပတ်အတွင်း ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကရင်နယ်ခြားစောင့်တပ် BGF နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တို့ အပြန်အလှန်ပြစ်တင်ပြောဆိုမှုများ ရှိနေသလို နှစ်ဖက်ထိခိုက်ဒဏ် ရာနှင့်ကျဆုံးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်သြဂုတ်လ ၂၉ရက်နှင့် ၃၀ရက်နေ့များမှစတင်ကာ ကရင်နယ်ခြားစောင့်တပ် BGF နှင့်တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တို့ကော့ကရိတ်မြို့နယ်၊ ကောင်းမှုကျေးရွာ အနောက်ဘက် တောင်မဲတောင်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကောင်းမူဒေသတွင်း ထိုးစစ်ဆင်နေမှုများအား စက်တင်ဘာလ ၁ရက်နေ့တွင် ရုပ်သိမ်းပေးခြင်းမရှိပါက ၎င်းတို့ထိန်းချုပ်ရာဒေသများနှင့် လှုပ်ရှားဒေသများတွင် စစ်မျက်နှာ ဖွင့်သွားမည်ဖြစ်ကြောင်းDKBA က သြဂုတ်လ ၃၁ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...