ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ တိုက်ပွဲဖြစ်

ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် (၂)နေရာမှာ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား အောက်တိုဘာ ရရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း(၆) တပ်စခန်းရှိရာ အောင်ဘာလီမှော်၊ Awng Len ကျေးရွာသို့ အစိုးရ တပ်မ(၄၄) လက်အောက် စစ်ကြောင်းများ ထိုးဖောက်စစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် မိနစ်(၃၀)ကျော် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲတွင် အစိုးရတပ်ဖက်က ထိခိုက်သေဆုံးမှုများကာ ပြန်ဆုတ်သွားခြင်းကြောင့် ပစ်ခတ်မှု ပြန်ရပ်သွားကြောင်း ဒေသခံများ က ပြောဆိုသည်။

၎င်းနောက် နမ်မဖြစ်မှော် ဘက်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၆) တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ က ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးလျှင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါ၀င်ရေး ‘မူ’ တိုင်းရင်းခေါင်းဆောင်များ တင်ပြချက်ကို အစိုးရ လက်မခံသောကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက စာချုပ်လက်မှတ်ထိုးရန် ပြီးခဲ့သောအပတ်က ငြင်းဆန်ခဲ့သည်။

အစိုးရအနေဖြင့် NCA လက်မှတ် မထိုးသောအဖွဲ့များကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် KIO နယ်မြေများတွင် စစ်အင်အား ပြန်လည်ဖြည့်တင်းနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...