KIA တပ်ရင်း(၆) တပ်စခန်းရှိရာ အောင်ဘာလီမှော်၊ Awng Len ကျေးရွာသို့ အစိုးရ တပ်မ(၄၄) လက်အောက် စစ်ကြောင်းများ ထိုးဖောက်စစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် မိနစ်(၃၀)ကျော် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲတွင် အစိုးရတပ်ဖက်က ထိခိုက်သေဆုံးမှုများကာ ပြန်ဆုတ်သွားခြင်းကြောင့် ပစ်ခတ်မှု ပြန်ရပ်သွားကြောင်း ဒေသခံများ က ပြောဆိုသည်။
၎င်းနောက် နမ်မဖြစ်မှော် ဘက်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၆) တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ က ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးလျှင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါ၀င်ရေး ‘မူ’ တိုင်းရင်းခေါင်းဆောင်များ တင်ပြချက်ကို အစိုးရ လက်မခံသောကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက စာချုပ်လက်မှတ်ထိုးရန် ပြီးခဲ့သောအပတ်က ငြင်းဆန်ခဲ့သည်။
အစိုးရအနေဖြင့် NCA လက်မှတ် မထိုးသောအဖွဲ့များကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် KIO နယ်မြေများတွင် စစ်အင်အား ပြန်လည်ဖြည့်တင်းနေကြောင်း သိရသည်။







