ကျောင်းပေါင်း ၇၉ ကျောင်းမှာ ဖတ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများကို ဖြန့်ဝေ

ကျောင်းပေါင်း ၇၉ ကျောင်းမှာ ဖတ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများကို ဖြန့်ဝေ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကယားဘာသာစကားဖြင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (MTB-MLE)ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကျောင်းအသီးသီးက Grade 1 အတန်းအတွက် ကျောင်းပေါင်း (၇၉) ကျောင်းကို တစ်ကျောင်းလျှင် Grade-1 ဖတ်စာအုပ်တစ်စုံ၊ ဆရာလမ်းညွှန်စာအုပ် အပါအဝင် သင်ထောက်ကူပစ္စည်းတွေကို ဆယ်သဲဖောင်ဒေးရှင်းက ဖြန့်ဝေပေးအပ်ခဲ့ပါတယ်။

အဆိုပါ ဖြန့်ဝေမှုကို ပြီးခဲ့တဲ့ မေလအတွင်းက ဖြန့်ဝေခဲ့တာပါ။ ဖြန့်ဝေပေးခဲ့တဲ့ ဘာသာရပ်တွေမှာ Language (Kayah)၊ Myanmar၊ Human & Society၊ Health & Physical Education (HPE)၊ Science၊ Arts၊ Mathematics တို့ ဖြစ်ကြပြီး၊ ၎င်းအပြင် ရုပ်စုံကားချပ်ကြီးများ၊ ရုပ်ပြပုံပြင်သုံးကတ်များ၊ ပုံပြင်စာအုပ်ကြီးလည်း ပါဝင်ပါတယ်။

ကရင်နီပြည်အတွင်းရှိ မယ်စဲ့မြို့နယ်၊ ရွာသစ်မြို့၊ ဒီးမော့ဆို (အရှေ့) မြို့နယ်၊ ကေးလျားမြို့နယ်၊ လွိုင်နန်းဖမြို့နယ်၊ နန်းမယ်ခုံမြို့နယ်နှင့် ဆိုမို/ဖရေစိုးလေး မြို့နယ်အသီးသီးက ကျောင်းပေါင်း (၇၉) ကျောင်းကို ဆယ်သဲဖောင်ဒေးရှင်းက သွားရောက်ပေးအပ်ခဲ့ပါတယ်။ ထိရောက်တဲ့ သင်ကြားသင်ယူမှုအတွက် တခြားလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (MTB-MLE) စနစ်ကို ကောင်းမွန်စွာ သင်ကြားနိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးရုံသာမက ဒေသခံ ဆရာ/ဆရာမတွေအနေနဲ့ အဆိုပါ ပစ္စည်းတွေကို စနစ်တကျ အသုံးချတတ်စေဖို့ မွမ်းမံသင်တန်းကိုလည်း ဒေသခံပညာရေးအစုအဖွဲ့နဲ့ ဆယ်သဲဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး သင်တန်းပို့ချပေးလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ၊ ဧပြီလအတွင်းမှာလည်း ဆိုမိုဖေစိုးလေးမြို့နယ် ၊ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ဆယ်သဲဖောင်ဒေးရှင်းမှ ဦးစီးပြီး MTB-MLE ဆရာသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပါတယ်။

ကရင်နီပြည် ကြားကာလပညာရေးမူဝါဒ၊ အခြေခံပညာရေးမူဝါဒမှာလည်း  " မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာ‌ရေး (Mother Tongue Based Multilingual Education) စနစ်ကို မူကြိုအဆင့်မှ စတင်၍ အဆင့်ဆင့်တိုးချဲ့ပြီး အဆင့်မြင့်ဒီဂရီ (advance degree) အစီအစဉ်များတွင်ပါ သင်ကြား‌ပေးနိုင်ရေးအတွက် ပြည်နယ် ပညာရေးကောင်စီက ပြဌာန်းပိုင်ခွင့်ရှိရမည်။" လို့ ဖော်ပြထားပါတယ်။ 

September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...