Published
Monday, May 08, 2017
ဟားခါးမြို့တွင် နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီးမှ တီဘီရောဂါဆရာဝန်ကြီး ဒေါက်တာ ညိမ်းညိမ်းအေးဦးဆောင်၍ အဖွဲ့ဝင် (၉) ဦးပါဝင်သည့် နယ်လှည့်တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်း သွားရောက်ကာ အခမဲ့ ဆေးကုသမှုဆောင်ရွက်နေကြောင်း သိရသည်။
ယခုကဲ့သို့ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသမှုဆောင်ရွက်နေရခြင်းမှာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုမြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက်ဖြစ်ပြီး ဟားခါးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အခမဲ့ရှာဖွေ ကွင်းဆင်းကုသဆောင်ရွက်ပေးကြောင်း Hakha iprd အွန်လိုင်းမီဒီယာတွင် ရေးသားဖော်ပြသည်။
အဆိုပါ နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့သည် မေလ ၃ ရက်နေ့မှ ရ ရက်နေ့အထိ ဟားခါးမြို့ မြို့သစ် ရပ်ကွက်၊ စျေးသစ်ရပ်ကွက်၊ မြို့ကွက်သစ်၊ ဟားခါးမြို့နယ်၊ ဆတ္တားကျေးရွာနှင့် ဆူရ်ခွါးကျေးရွာများတွင် ဆက်လက် ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။







