ဟားခါးမြို့တွင် နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်

ဟားခါးမြို့တွင် နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီးမှ တီဘီရောဂါဆရာဝန်ကြီး ဒေါက်တာ ညိမ်းညိမ်းအေးဦးဆောင်၍ အဖွဲ့ဝင် (၉) ဦးပါဝင်သည့် နယ်လှည့်တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်း သွားရောက်ကာ အခမဲ့ ဆေးကုသမှုဆောင်ရွက်နေကြောင်း သိရသည်။

ယခုကဲ့သို့ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသမှုဆောင်ရွက်နေရခြင်းမှာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုမြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက်ဖြစ်ပြီး ဟားခါးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အခမဲ့ရှာဖွေ ကွင်းဆင်းကုသဆောင်ရွက်ပေးကြောင်း Hakha iprd အွန်လိုင်းမီဒီယာတွင် ရေးသားဖော်ပြသည်။

အဆိုပါ နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့သည် မေလ ၃ ရက်နေ့မှ ရ ရက်နေ့အထိ ဟားခါးမြို့ မြို့သစ် ရပ်ကွက်၊ စျေးသစ်ရပ်ကွက်၊ မြို့ကွက်သစ်၊ ဟားခါးမြို့နယ်၊ ဆတ္တားကျေးရွာနှင့် ဆူရ်ခွါးကျေးရွာများတွင် ဆက်လက် ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...