တမူးခရိုင် ခမ်းပတ်မြို့တွင် ခိုးဝင်လာသူ ဘင်္ဂလီတစ်ဦး ဖမ်းမိ

တမူးခရိုင် ခမ်းပတ်မြို့တွင် ခိုးဝင်လာသူ ဘင်္ဂလီတစ်ဦး ဖမ်းမိ
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံ ရဲ ၊စစ်တပ်၊ လဝက၊ မကဖ၊ မူးယစ် လူကုန်တား အဖွဲ့ (၆)ဖွဲ့မှ ပူးပေါင်း၍ အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသူ ဘင်္ဂလီအမျိုးသားတစ်ဦးကို တမူးခရိုင် ခမ်းပတ်မြို့၌ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဘင်္ဂလီမှာ ကောင်ဆော့ (၁၉) ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတဆင့် တမူး၊ ကလေးမြို့ကို ဖြတ်ကျော်ပြီး ရန်ကုန်ကို သွားမည်ဟု သိရသည်။

ဖြစ်ပုံမှာ မိုးရေးမြို့တွင်နေထိုင်သူ ဦးမောင်လေးမှ လွန်ခိုဂင်း အသက်(၃၇) မြို့မ(၁၄)ရပ်ကွက်၊ တမူးမြို့နေထိုင်သူကို ဆိုင်ကယ်ကယ်ရီခ ကျပ်ငွေ လေးသိန်းဖြင့် ထိုဘင်္ဂလီတစ်ဦးကို သယ်ဆောင်ခိုင်းပြီး ယခုလို ခမ်းပတ်မြို့တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် မှ အိန္ဒိယ၊ အိန္ဒိယမှ တဆင့် ခိုးဝင်ဘင်္ဂလီကုလားနှင့်အတူ ကယ်ရီသမား ချင်းလူမျိုးနှစ်ဦးကို ခမ်းပတ်ရဲစခန်း၌စစ်ဆေးလျှက် ရှိကြောင်း တမူးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...