တမူးခရိုင် ခမ်းပတ်မြို့တွင် ခိုးဝင်လာသူ ဘင်္ဂလီတစ်ဦး ဖမ်းမိ

တမူးခရိုင် ခမ်းပတ်မြို့တွင် ခိုးဝင်လာသူ ဘင်္ဂလီတစ်ဦး ဖမ်းမိ
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံ ရဲ ၊စစ်တပ်၊ လဝက၊ မကဖ၊ မူးယစ် လူကုန်တား အဖွဲ့ (၆)ဖွဲ့မှ ပူးပေါင်း၍ အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသူ ဘင်္ဂလီအမျိုးသားတစ်ဦးကို တမူးခရိုင် ခမ်းပတ်မြို့၌ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဘင်္ဂလီမှာ ကောင်ဆော့ (၁၉) ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတဆင့် တမူး၊ ကလေးမြို့ကို ဖြတ်ကျော်ပြီး ရန်ကုန်ကို သွားမည်ဟု သိရသည်။

ဖြစ်ပုံမှာ မိုးရေးမြို့တွင်နေထိုင်သူ ဦးမောင်လေးမှ လွန်ခိုဂင်း အသက်(၃၇) မြို့မ(၁၄)ရပ်ကွက်၊ တမူးမြို့နေထိုင်သူကို ဆိုင်ကယ်ကယ်ရီခ ကျပ်ငွေ လေးသိန်းဖြင့် ထိုဘင်္ဂလီတစ်ဦးကို သယ်ဆောင်ခိုင်းပြီး ယခုလို ခမ်းပတ်မြို့တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် မှ အိန္ဒိယ၊ အိန္ဒိယမှ တဆင့် ခိုးဝင်ဘင်္ဂလီကုလားနှင့်အတူ ကယ်ရီသမား ချင်းလူမျိုးနှစ်ဦးကို ခမ်းပတ်ရဲစခန်း၌စစ်ဆေးလျှက် ရှိကြောင်း တမူးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...