အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၈ ဦးကိုလက်နက်များနှင့်အတူ ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၈ ဦးကိုလက်နက်များနှင့်အတူ ဖမ်းမိ
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာနယ်စပ် ကုလားတန်မြစ်နဘေးတွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသော လူ ၈ ဦးကို လက််နက်များနှင့်အတူ မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ယခုလ ၈ ရက်နေ့က ဖမ်းဆီးရမိသည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့သည် ယခုရက်ပိုင်းအတွင်း ပူးတွဲစစ်စင်ရေးပြုလုပ်ရာတွင် ဆိုင်ဟားခရိုင် Lomasu ကျေးရွာမှ ၅ ကီလိုမီတာအကွာ ကုလားတန်မြစ်ဘေးတွင် စခန်းချနေထိုင်ကြသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ၈ ဦးကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဒေသတဝိုက်သည် ရခိုင်လွတ်မြောက်ရေးတပ်မတော် Arakan Liberation Army(ALA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်ပြီး ယခုအဖမ်းခံရသော လူ ၈ ဦးသည်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

သို့သော်လည်း မီဇိုရမ်ရဲတပ်ဖွဲ့ကတော့ ALA တပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ယူဆထားကြပြီး ၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုထောင်သို့ပို့ဆောင် မည်ဟု မီဇိုရမ်သတင်းစာတွင်ရေးသားချက်အရသိရသည်။

အဖမ်းခံရသည့်ပုဂ္ဂိုလ်များမှာ ခိုင်မင်းဇော်ထွန်း၊ ခိုင်မျိူးနိုင်၊ ခိုင်ရန်၊ ခိုင်မျိူးထူး၊ ခိုင်မင်း၊ ခိုင်ရဲမင်း၊ ခိုင်မျိူးလွင် နှင့် ခိုင်သီဟဇော်တို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် လက်နက်များမှာ Lathode Grenade Launcher-1no., 7.62mm Assault Riffle-1no., 5.56mm M16 Riffle-1no., M11 Assault Riffle-1no., G-3 Riffle-1no.,  Lathod Grenade-10 nos., 5.56mm M16 Ammunition-237rds, 7.62mm AK56 Ammunition-176rds, Hand Grenade (Chinese)-2nos, Binocular (Bushnell)-1no., Hand Held Radio Set-2nos., M16 Riffle Magazine-5nos.,  AK56 Magazine-2nos., G-3 Riffle Ammunition-92 rds, G-3 Riffle Magazine-3rds ,M-11 Magazine-2nos တို့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့်လက်နက်ကိုင်တပ်ဖွဲဲ့ဖြစ်ပြီး ရက္ခိုင့်တပ်မတော် AA သည် အစိုးရနှင့်ငြိမ်းချမ်းရေးရယူခြင်းမရှိသေးသည့် တပ်ဖွဲ့ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...